တစ်ချိန်လုံး ဒေါသထွက်မိနေသလို ခံစားနေရလား

17-7-2021-yyl-28.jpg

ဒေါသဆိုတာက လူတိုင်း သဘာဝအလျောက်ဖြစ်လာတဲ့ စိတ်ခံစားမှုတစ်ခုပါပဲ။ ဒေါသဖြစ်ရခြင်းရဲ့အကြောင်းအရင်းက လူတစ်ဉီးချင်းမှာ ကွာခြားသွားနိုင်ပါတယ်။ တချို့လူတွေက ဒေါသထိန်းချုပ်နိုင်စွမ်းနဲ့ စိတ်တည်ငြိမ်အောင် ထားနိုင်စွမ်းတွေကို သင်ယူကြပေးမယ့် တချို့ပြဿနာတွေက ဒေါသထွက်ရခြင်းရဲ့အကြောင်းအရင်းဖြစ်လာရပါတယ်။

ဒေါသက ပုံစံအမျိုးမျိုးနဲ့လာနိုင်ပါတယ်

ဒေါသဆိုတာ စိတ်ခံစားချက်တစ်ခုဖြစ်တဲ့အတွက် ပုံစံအမျိုးမျိုးရှိနိုင်ပြီး လူတွေက နည်းလမ်းမျိုးစုံနဲ့ ဒေါသကို ဖော်ပြတတ်ကြပါတယ်။ တချို့လူတွေက တစ်စုံတစ်ခုကို အလိုမကျတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကို ဒေါသထွက်မိကြပါတယ်။ တချို့ကျတော့လည်း အခြားသူရဲ့အပြုအမူအပြောအဆိုတွေကြောင့် ဒေါသထွက်ကြပါတယ်။ ဒေါသကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ ဒေါသထွက်တာများရင် စိတ်ပိုင်းဆိုင်ရာထိခိုက်လာမယ့်အပြင် ဒေါသကြောင့် ခန္ဓာကိုယ်နာကျင်အောင်လုပ်မိမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်နိုင်ပါတယ်။

လူတွေမှာ ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာလဲ

ဒေါသမထွက်တဲ့သူဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဒေါသထွက်ရခြင်းအကြောင်းအရင်းတော့ တူကြမယ့်မထင်ပါဘူး။ တချို့က မိသားစုပြဿနာ၊ ငွေရေးကြေးရေးပြဿနာနဲ့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု၊ အချစ်ရေးပြဿနာတွေကြောင့် ဒေါသဖြစ်ကြပြီး တချို့လူတွေကတော့ ဒေါသနဲ့ဆက်စပ်တဲ့ပြဿနာကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေကို ခံစားနေရတဲ့အတွက် ဒေါသထွက်မိကြပါတယ်။

ဒေါသထွက်လွန်းခြင်းပြဿနာရှိတယ်ဆိုတဲ့ လက္ခဏာရပ်များ

ဒေါသက သဘာဝစိတ်ခံစားမှုတစ်ခုဖြစ်တာကြောင့် သင့်မှာ စိတ်အလိုမကျဖြစ်လွန်းခြင်းပြဿနာ၊ ဒေါသထွက်လွန်းခြင်းပြဿတာရှိမရှိ၊ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ အဖြေရှာဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒေါသထွက်လွန်းခြင်းပြဿနာရှိတဲ့ လူတစ်ယောက်ရဲ့ အသွင်အပြင်လက္ခဏာရပ်တွေကို အဓိပ္ပါယ်သတ်မှတ်ရမယ်ဆိုရင်

  • စိတ်တိုလွယ်ခြင်းနဲ့ စိတ်ပျက်ခြင်းတွေ ထပ်တလဲလဲဖြစ်လာခြင်း
  • တစ်ချိန်တည်းမှာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေနဲ့ လွှမ်းမိုးနေတယ်လို့ ခံစားရခြင်း
  • သွေးပေါင်ချိန်မြင့်ခြင်း၊ နှလုံးတလှပ်လှပ်ခုန်ခြင်းနဲ့ ကိုယ်ခန္ဓာမှာ ထုံကျင်တဲ့၊ စပ်ဖျဉ်းဖျဉ်းတုံ့ပြန်မှုဖြစ်ခြင်း
  • ရံဖန်ရံခါ နှုတ်နဲ့ရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်မိခြင်း
  • တချိန်လုံးသုန်မှုန်နေခြင်း

တစ်ချိန်လုံး ဒေါသထွက်နေရင် စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ

သင်က တစ်ချိန်လုံး ဒေါသထွက်တဲ့ပြဿနာကို ခံစားနေရရင် ဒေါသကို ထိန်းချုပ်မရဖြစ်နေတယ်လို့ ထင်ရင် အဲဒီအခြေအနေကို ဖြေလျော့ပြီး စိတ်တည်ငြိမ်အောင် လုပ်နိုင်မယ့် နည်းတချို့ရှိပါတယ်။

  • သင် စကားမပြောခင် စဉ်းစားဖို့ အလွန်အရေးကြီးပါတယ်။ အခြေအနေကိုပိုမိုဆိုးရွားစေမယ့် ဘယ်အရာကိုမှ မပြောပါနဲ့။ မလုပ်ပါနဲ့။ စိတ်တည်ငြိမ်သွားစေဖို့အတွက် အသက်ရှုလေ့ကျင့်ခန်းတွေလုပ်ပါ။ လေ့ကျင့်ခန်းက သင့်ဒေါသကိုထိန်းချုပ်ဖို့ အကူအညီပေးပါလိမ့်မယ်။
  • ဒေါသထွက်စေတဲ့ အကြောင်းအရင်းပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို စဉ်းစားပါ။
  • ဒေါသနဲ့ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သင့်ကို အကြံဥာဏ်မျိုးစုံ၊ နည်းလမ်းအမျိုးမျိုးနဲ့ အကြံပေးနိုင်မယ့်ဒေါသထိန်းချုပ်ပေးတဲ့သင်တန်းတွေကို တက်ကြည့်ပါ။

Ref: Feeling angry all the time? Here’s what might have triggered it

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top