(၉) လအတွင်း မြေမြှုပ်မိုင်းကြောင့် ကလေးငယ် (၅၀) ကျော်သေဆုံး

Nov-8-News-1-Photo.jpg

ရန်ကုန်၊ နိုဝင်ဘာ (၉)

မြေမြှုပ်မိုင်းနဲ့ ကြွင်းကျန်စစ်လက်နက်တွေ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် (၉) လအတွင်း ကလေးငယ် (၅၀) ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ သေဆုံးသူ ကလေးငယ် (၅၅) ဦး အပါအဝင် အရပ်သားပြည်သူ (၁၉၀) ကျော် သေကြေဒဏ်ရရှိခဲ့ပါတယ်။

“မိမိအနေနဲ့ အန္တရာယ် ရှိနိုင်တဲ့ နယ်မြေထဲကို ဖြတ်သန်း သွားလာတဲ့ အချိန်မျိုးတွေမှာ လမ်းကို ပိတ်ဆို့ထားတဲ့ အရံအတားတွေကို ဖြတ်ကျော်သွားတာမျိုး မလုပ်ရပါဘူး။ တကယ်လို့ သတိပေး အမှတ်အသား တစ်စုံတစ်ရာ မတွေ့ခဲ့ဘူးဆိုရင်တောင် မိုင်း အန္တရာယ် ရှိနိုင်တဲ့ အရပ်ဒေသမှာ သွားလာနေရချိန်အတွင်း သတိရှိရှိ နေထိုင်၊ သွားလာသင့်ပါတယ်။” လွန်ခဲ့တဲ့ လအနည်းငယ်က ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children က သတိပေးပြောဆိုထားပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရှမ်းပြည်နယ်မှာ သေဆုံးသူ (၄၁) ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှာ သေဆုံးသူ (၂၄) ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်မှာ သေဆုံးသူ (၁၆) ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာတွေက မိုင်းအန္တရာယ် အမြင့်မားဆုံးရှိနေတဲ့ နေရာတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo- KHRG
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top