အိုဇေလ်းကိုခေါ်ယူနိုင်ရင် မက်ခီတာရမ်ကို မန်ယူထွက်ခွင့်ပေးမယ်

866603640.jpg

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ အာဆင်နယ်အသင်း ကွင်းလယ်လူအိုဇေလ်း နေရာရရှိနိုင်ဖို့ အသင်းက ကွင်းလယ်လူမက်ခီတာရမ်ကို ထုတ်ပယ်ဖွယ်ရှိနေတယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြပါတယ်။

မန်ယူအသင်းဟာ အိုဇေလ်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွေကာလအတွင်း အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။ မန်ယူနည်းပြမော်ရင်ဟို ဟာ အိုဇေလ်းကိုခေါ်ယူ နိုင်မယ်ဆိုရင် အသင်းမှာနေရာပေးနိုင်ဖို့ စီစဉ်မှုတွေလည်းရှိနေတယ်လို့ ဗြိတိန် သတင်းစာတွေကဖော်ပြပါတယ်။ ကွင်းလယ်လူ အိုဇေလ်း ဟာ ရာသီကုန်ချိန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးနိုင်မှုမရှိသေးဘူး လို့သိရပါတယ်။

အိုဇေလ်းဟာ စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။ အိုဇေလ်းရောက်ရှိလာချိန်မှာ မက်ခီတာရမ်ကို အသင်းကနေ ထွက်ခွင့်ပေးဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ မက်ခီတာရမ်ဟာ အခုရာသီမှာ မန်ယူအသင်းမှာ ပုံမှန်ကစားခွင့်ဆုံးရှုံးခဲ့ပြီးနောက်ဆုံး ၈ ပွဲမှာ ၇ ပွဲချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Metro : Jose Mourinho ready to axe Henrikh Mkhitaryan to make room for Mesut Ozil

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top