ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုး

ff1.jpg

ဆောက်သမ်တန်တိုက်စစ်မှူး ရှိန်းလောင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲအစ (၇) စက္ကန့်မှာပဲ ရှိန်းလောင်းက အဖွင့်ဂိုး သွင်းယူခဲ့တာပါ။

ဝက်ဖို့ဒ်နောက်ခံလူ ခရိတ်ကာ့သ်ကက် ကန်တင်တဲ့ ဘောလုံးက ရှိန်းလောင်းနဲ့ထိပြီး ပြန်ကျလာချိန်မှာ ရှိန်းလောင်းက ဂိုးသမား ဘင်ဖော်စတာကို ကျော်ချပြီး အဖွင့်ဂိုး သွင်းယူခဲ့တာပါ။ အရင်တုန်းက ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးစံချိန်ကို စပါးနောက်ခံလူ လက်ဒလေကင်းက သွင်းယူခဲ့တာပါ။ ဘရက်ဖို့ဒ်နဲ့ (၃) ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ လက်ဒလေကင်းက ပွဲအစ (၉.၈၂) စက္ကန့်မှာပဲ အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ လက်ဒလေကင်းက စပါးနဲ့ ဘရိုက်တန်ပွဲ ကြည့်နေချိန်မှာ သူ့စံချိန် ချိုးဖျက်ခံရပြီဆိုတဲ့ မက်ဆေ့ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top