ရုရှားနိုင်ငံကို ဥရောပသမဂ္ဂ ပိတ်ဆို့မှု သက်တမ်းတိုးမြင့်ခဲ့

EU-agrees-to-extend-sanctions-against-Russia.jpg

ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုတွေနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ထားမှုကို သက်တမ်း ထပ်မံတိုးဖို့ ဥရောပသမဂ္ဂက သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂကောင်စီ ဒေါ်နယ်တက် (Donald Tusk) ကဘရက်ဆဲလ်မြို့မှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံက ခေါင်းဆောင်တွေဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှု နောက်ထပ်သက်တမ်း ၆ လတိုးဖို့ သဘောတူညီခဲ့တယ်လို့ ဆိုခဲ့ပြီး ဥရောပသမဂ္ဂ ဟာ ရုရှားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဂျာမနီအဓိပတိမာကယ်နဲ့ ပြင်သစ် ဝန်ကြီးချုပ်မာကွန်တို့ဟာ မင့်မြို့ သဘောတူညီချက် အကောင်ထည်ဖော်ရေး အစီရင်ခံစာကို တင်သွင်းဖတ်ကြားခဲ့ပြီး ယူကရိန်းနိုင်ငံအရှေဘက်ပိုင်းမှာ ရန်လိုမှုတွေ ဆက်ရှိနေတာကို စိုးရိမ်မိတယ်လို့ ပြောခဲ့ပါတယ်။ EU ရဲ့ပိတ်ဆို့မှုမှာဆိုရင် ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေး၊ စွမ်းအင်၊ ကာကွယ်ရေးကဏ္ဍတွေကို ပစ်မှတ်ထားသွားမှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ယူကရိန်းအရှေ့ပိုင်း၊ ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းပိုက်ခဲ့ပြီးနောက် ဥရောပသမဂ္ဂဟာ  ရုရှားနိုင်ငံအပေါ် ပထမဆုံးအကြိမ် ပိတ်ဆို့မှုတွေချမှတ်ခဲ့ပြီး အဲဒီအချိန်တည်းက ပိတ်ဆို့မှုသက်တမ်းကို ၆ လ ပြည့်တိုင်း နောက်ထပ် ၆ လ ပိတ်ဆို့ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : UPI News : EU agrees to extend sanctions against Russia

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top