မြင်လိုက်တာနဲ့ သွားချင်စိတ် တဖွားဖွားပေါ်လာမယ့် ကရင်ပြည်နယ်မှ အံ့ဖွယ် အထင်ကရ နေရာများ

k.jpg

ကရင်ပြည်နယ် ဘားအံမှာ တည်ရှိတဲ့ ကျုံထော် ရေတံခွန်နှင့် ဆန္ဒန်ဂူ လိူဏ်ဂူကတော့ ခရီးသွားတွေ အတော်လေး ကြိုက်နှစ်သက်လို့ နေကြောင်း သတင်းရရှိပါတယ်။

နေရာ နှစ်ခုစလုံးဟာ ကရင်ပြည်နယ် ဘားအံမှာပဲ ရှိပြီးတော့ သွားရလာရ လွယ်ကူကြောင်း သိရပါတယ်။

ယခုဆိုရင် Travel & Tour များက ဈေးနှုန် သောင်းဂဏန်းလောက်ဖြင့် ထိုနေရာများသို့ ပို့ဆောင်ပေးနေပါတယ်။ ဆန္ဒန်ဂူ လိူဏ်ဂူဟာဆိုရင် ကြီးမားလှသော လှိုဏ်ဂူ တစ်ခု ဖြစ်တဲ့အပြင် လာရောက္ လည်ပတ်သူတိုင်း အံ့ဩလောက်အောင် ဆွဲဆောင်မူ ရှိပါတယ်။ ဒါ့အပြင် ခရီးသွားများ အနေဖြင့် ငွေကျပ် ထောင်ဂဏန်း လောက်နဲ့ အပျော်တန်း လှေလည်းစီးနိုင်ပါစေတယ်။ လှေစီးရင် မြင်တွေ့ရမယ့် စိမ်းလန်းလှသာ စပါးတောကြီးကတော့ ခရီးသွားသူ အတွက် အကောင်းဆုံးသော Selfie ဓာတ်ပုံ ဖြစ်သွားမှာ အသေအချာပါ။

ဒါတင်မကသေးပါဘူး ရေတံခွန် ကျန်ပါသေးတယ်။ ကျုံထော် ရေတံခွန်ကတော့ အဝေးက မြင်လိုက်တာနဲ့တင် ရေဆော့ကစား ချင်စိတ်ကို ဖြစ်သွားမှာပါ။ ရေတွေကလည်း ကြည်လင်နေပြီးတော့ ဘေးဘက်တွေမှာ သစ်တော်များက အုံ့အုံ့ဆိုင်းဆိုင်း ဝိုင်းရံလို့ထားပါတယ်။ ပိတ်ရက်တွေ မြန်မာပြည်တွင်း ဘယ်ကို ခရီးသွားရမှန် မသိသေးတဲ့ ကျွန်တော်တို့ ရိုးရာလေးရဲ့ စာဖတ် ပရိသတ်များကို ကျုံထော် ရေတံခွန်နဲ့ ဆန္ဒန်ဂူသို့ သွားရောက်လည်ပတ်ကြည့်ပါလို့ အကြံပြုပါတယ်။ အားလုံးပဲ ပျော်ရွှင် ချမ်းမြေ့ပါစေနော်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top