OPPO Reno16 Series ရဲ့ ထုတ်ကုန်တွေဖြစ်ကြတဲ့ OPPO Reno16 5G ကို ၃,၆၉၉,၉၀၀ ကျပ်နဲ့ OPPO Reno16 F 5G ကို ၂,၇၉၉,၉၀၀ ကျပ်တို့ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ခေတ်ရှေ့ပြေးပြီး ထူးခြားဆန်းသစ်တဲ့ 3D Pop Planet Design နဲ့ AI နည်းပညာအသုံးပြုထားတဲ့ တီထွင်ဆန်းသစ်ထားတဲ့ AI လုပ်ဆောင်ချက်တွေပါရှိတဲ့ ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံကောင်းများစွာ ပါရှိလာမဲ့အပြင် သုံးစွဲသူတွေအတွက် All-in-one Creator Tool တစ်ခုအဖြစ် သတ်မှတ်လို့ရတော့မဲ့ OPPO Reno16 Series 5G ကို မြန်မာနိုင်ငံဈေးကွက်မှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး OPPO Reno16 5G ကို ၃,၆၉၉,၉၀၀ ကျပ် ၊ OPPO Reno16 F 5G ကို ၂,၇၉၉,၉၀၀ ကျပ်ဖြင့် တရားဝင်မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။
တီထွင်ဆန်းသစ်လှတဲ့ နည်းပညာတွေနဲ့ AI လုပ်ဆောင်ချက်တွေကို ဟန်ချက်ညီညီ လှလှပပ ပေါင်းစပ်ထားတဲ့ OPPO Reno16 Series ရဲ့ ထုတ်ကုန်တွေဖြစ်ကြတဲ့ OPPO Reno16 5G နဲ့ OPPO Reno16 F 5G တစ်လုံးချင်းစီဟာ Content Creation တွေအတွက်သာမက ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနဲ့ မျှဝေခြင်းတို့ကို ပိုမိုလွယ်ကူ၊ သဘာဝကျပြီး ကိုယ်ပိုင်ဟန်ပန်နဲ့ ဖော်ပြနိုင်စေရန် ဖန်တီးထားပါတယ်။ AI Remix Collage နဲ့ Pop Cam ကဲ့သို့ လုပ်ဆောင်ချက်တွေကနေ ColorOS 16 ရဲ့ Personalized AI Experience တွေအထိ ခံစားတွေ့ရှိနိုင်အောင် OPPO Reno16 Series 5G ဟာ စမတ်ဖုန်းနဲ့အလွယ်တကူ တီထွင်ဆန်းသစ်စွာ ဖန်တီးရ လွယ်ကူပြီး အသုံးပြုရလွယ်ကူတဲ့ အတွေ့အကြုံသစ်တွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
စမတ်ဖုန်းလောကရဲ့ ပထမဆုံးအနေနဲ့ ထူးခြားဆန်းသစ်တဲ့ 3D Pop Planet Design
OPPO Reno Series ရဲ့ မျိုးဆက်တစ်ခုချင်းစီတိုင်းမှာ Design ပုံစံ အယူအဆအသစ်တွေကို အမြဲဆိုသလို ဆန်းသစ်ဖော်ဆောင်ပေးလေ့ရှိပြီး OPPO Reno16 Series 5G ကလဲ ရဲရင့်ပြီး ထူးခြားတဲ့ Design ပုံစံအသစ်နဲ့ ဒီအစဉ်အလာကို ဆက်လက်သယ်ဆောင်လာပြီဖြစ်ပါတယ်။
OPPO Reno16 Series 5G ရဲ့ Pop White Edition မှာ စမတ်ဖုန်းလောကရဲ့ ပထမဆုံးဖြစ်ပြီးဆန်းသစ်တဲ့ Industry-first HoloVerse 3D Technology ကို အသုံးပြုထားပြီး အလင်းရောင်နဲ့ လှုပ်ရှားမှုအလိုက် ပြောင်းလဲမြင်တွေ့ရတဲ့ အာကာသ Nebula ပုံစံ Floating Visual Effect ကို ဖန်တီးပေးထားပါတယ်။ Micro-lens သန်းပေါင်းများစွာက အလင်းရောင်တွေကို Space အတွင်း ပြန်လည်ဖန်တီးပေးထားတဲ့ပုံစံက ဖုန်းရဲ့ နောက်ကျောမျက်နှာပြင်ပေါ်မှာ ပုံရိပ်တွေ လွင့်မျောနေသလိုမျိုး မြင်ရတဲ့ 3D Visual အမြင်ပုံစံကို ခံစားရစေမှာဖြစ်ပါတယ်။ ဒီ 3D Design ကြောင့် OPPO Reno16 Series 5G ဟာ ထင်ရှားတဲ့ Visual Identity တစ်ခုကို ပိုင်ဆိုင်လာသလို ပိုမိုကောင်းမွန်ပြီး အထက်တန်းဆန်တဲ့ အသွင်အပြင်နဲ့ ခံစားမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။
OPPO Reno16 Series 5G မှာဆိုရင် အေးမြကျစ်လစ်တဲ့ One-piece Cold-sculpted အနောက်ဘက် ကျောအဖုံးကို အသုံးပြုထားပြီး Camera Module နဲ့ ချောမွေ့စွာ ဆက်စပ်ပေါင်းစပ်ထားတာကြောင့် သန့်ရှင်းပြီး ကြည့်ရရှင်းလင်းစေတဲ့ အမြင်ကို ရရှိစေပါတယ်။ အမြင်လှရုံသာမက လက်နဲ့ ထိတွေ့ရာမှာလဲ ချောမွေ့သပ်ရပ်ပြီး ကင်မရာ ပတ်ဝန်းကျင်မှာ ဖုန်မှုန့်တွေ စုပုံခြင်းကို လျှော့ချပေးနိုင်တာကလဲ OPPO Reno16 Series 5G ဒီဇိုင်းရဲ့ အားသာချက်တွေထဲက တစ်ချက်ပဲဖြစ်ပါတယ်။ OPPO Reno16 5G မှာ လက်တစ်ဖက်တည်းနဲ့ သက်သောင့်သက်သာ အသုံးပြုနိုင်ဖို့ ဖန်တီးထားတဲ့ ကျစ်လစ်တဲ့ 6.32 လက်မ မျက်နှာပြင် ပါဝင်ပြီး Aerospace-grade Aluminum Frame က အေးမြပြီး တော်ရုံနဲ့ လွတ်မကျနိုင်မဲ့ ကိုင်တွယ်နိုင်စွမ်း ကို ပေးစွမ်းမှာဖြစ်ပါတယ်။ OPPO Reno16 F 5G မှာတော့ 6.57 လက်မ မျက်နှာပြင် ပါဝင်တာကြောင့် ပိုမိုကျယ်ပြန့်တဲ့ Viewing Experience ကို ရရှိစေမှာ ဖြစ်ပါတယ်။


Creator တွေအတွက် စိတ်တိုင်းကျ အဆန်းသစ်ဆုံး ဖန်တီးပြုပြင်နိုင်မဲ့ ဓာတ်ပုံနည်းပညာတွေပါရှိလာမဲ့ OPPO Reno16 Series 5G
OPPO Reno16 Series 5G ကို Creator တွေအတွက် အထူးရည်ရွယ်ဖန်တီးထားပြီး Content တွေကို ရိုက်ကူးခြင်းနဲ့ တည်းဖြတ်ခြင်းတို့ကို ပိုမိုလွယ်ကူ၊ ဖန်တီးနိုင်စွမ်းပိုမိုရှိပြီး ပျော်ရွှင်စရာကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ 50MP Ultra Wide Selfie Camera နဲ့ မြင်ကွင်းကျယ်ကျယ်နဲ့ Group Selfie ရိုက်ကူးရာမှာ လူပိုများများ ပါဝင်နိုင်စေမဲ့ 100-degree Field of View ပါဝင်တာကြောင့် ပိုမို ကြွရွပြီး ကောင်းမွန်တဲ့ ဓာတ်ပုံနဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ကင်မရာစနစ်အနေနဲ့ OIS ပါဝင်တဲ့ High-resolution Main Camera ၊ 3.5x Optical Zoom ရရှိတဲ့ Telephoto Portrait Camera နဲ့ ပိုမိုလွတ်လပ်စွာ Frame ချိန်ညှိနိုင်စေမဲ့ Ultra-wide Camera တို့ပါဝင်တဲ့ Triple-camera System ကို ထည့်သွင်းပေးလာတာ ဖြစ်ပါတယ်။
ဆန်းသစ်သလို အမှတ်တရရှိခဲ့ဖူးတဲ့အချိန်တွေကို ပြန်လည်ခေါ်ဆောင်နိုင်မဲ့၊ စမတ်ဖုန်းတစ်လုံးတည်းမှာတင် ပိုမို ထူးခြားပြီး အတွေ့အကြုံအသစ်ကို ပေးစွမ်းနိုင်မဲ့ Pop Cam လုပ်ဆောင်ချက်က OPPO Reno16 Series 5G မှာ ပထမဆုံးအကြိမ် ပါဝင်လာတာဖြစ်ပြီး ဒီ Pop Cam က Digicam၊ Instant Film နဲ့ Light Leak Effect တွေလို Vintage-inspired Style တွေကို တစ်ချက်နှိပ်ရုံနဲ့ အသုံးပြုနိုင်တာကြောင့် မတူညီတဲ့ပုံစံ၊ ခံစားချက်နဲ့ ထူးခြားတဲ့ ဓာတ်ပုံတွေကို လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်။
အသစ် ထပ်မံပါရှိလာတဲ့ AI Remix Collage က ဓာတ်ပုံများစွာ သို့မဟုတ် ဗီဒီယိုအတိုတွေကို ပိုမို ကြွရွပြီး လူငယ်ဆန်တဲ့ Animated Sticker ၊ Outline နဲ့ Text တွေ အသုံးပြုပြီး အဆင့်ဆင့်ပြုပြင်ထားတဲ့ ခေတ်ဆန်ဆန် ပုံရိပ်အသွင်အပြင် (Layered Visual Composition) အဖြစ် ပေါင်းစပ်ဖန်တီးနိုင်စေပါတယ်။ ဒါအပြင် Motion Photo ဒါမှမဟုတ် ဗီဒီယို ထဲက လှုပ်ရှားနေတဲ့ အရာတွေကို သီးခြားခွဲထုတ်ပြီး Sticker အဖြစ် ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Popout Collage 2.0 ကလဲ Subject တွေကို Frame အပြင်ဘက်သို့ Direction အမျိုးမျိုးနဲ့ ထွက်လာသကဲ့သို့ ဖန်တီးနိုင်စေပြီး ပိုမို Dynamic ဖြစ်တဲ့ Visual Effect တွေကို ဖန်တီးနိုင်စေပါတယ်။
ဗီဒီယို ဖန်တီးမှု နဲ့ပတ်သက်ရင်လဲ OPPO Reno16 Series 5G တစ်ခုလုံးမှာ 4K Auto Straighten Video လုပ်ဆောင်ချက် ပါဝင်လာတာကြောင့် လမ်းလျှောက်ရင်း သို့မဟုတ် လှုပ်ရှားရင်း ရိုက်ကူးတဲ့ ဗီဒီယိုတွေကို တည့်မတ်နေအောင်၊ ဟန်ချက်ညီမျှနေအောင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ Dual View Video 2.0 ကလဲ Stabilization ပိုမိုကောင်းမွန်လာတာကြောင့် ဗီဒီယိုကို ပိုမို ငြိမ်သက်လာစေသလို ဗီဒီယိုရိုက်ကူးနေစဉ်အချိန်အတွင်း ကင်မရာတွေအကြား ချောမွေ့စွာ ပြောင်းလဲအသုံးပြုနိုင်တာကြောင့်ပိုမိုလွယ်ကူပြီး သက်သောင့်သက်သာဖြစ်တဲ့ ရိုက်ကူးမှု အတွေ့အကြုံကို ခံစားရရှိစေမှာဖြစ်ပါတယ်။

ပိုမိုထက်မြက်လာတဲ့ အတွေ့အကြုံကြောင့် သုံးစွဲသူတွေရဲ့ ကိုယ်ပိုင်စိတ်ကြိုက်ဖြစ်အောင် ဖန်တီးလို့ရမဲ့ OPPO Reno16 Series 5G ရဲ့ AI Experience
OPPO Reno16 Series 5G မှာ နောက်ဆုံးပေါ် ColorOS 16 နဲ့အတူ ထက်မြက်လှတဲ့ AI စွမ်းအင်သုံး လုပ်ဆောင်ချက်အမျိုးမျိုးကို ပေါင်းစပ်ပေးထားတာကြောင့် နေ့စဉ်အသုံးပြုမှုတွေကို ကိုယ်ပိုင်စိတ်တိုင်းကျ ဖြစ်အောင် အသုံးပြုနိုင်သလို နေ့စဉ်အလုပ်တာဝန်တွေကို ပိုမိုလွယ်ကူ၊ ထိရောက်မှုရှိအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် OPPO Flagship ထုတ်ကုန်တွေဖြစ်တဲ့ OPPO Find Series တွေမှာသာ ပါဝင်လေ့ရှိတဲ့ AI Snap Key က ယခုအခါ OPPO Reno16 Series မှာ ပထမဦးဆုံးအနေနဲ့ ပါရှိလာပြီဖြစ်ပါတယ်။ OPPO Reno Series ထုတ်ကုန်တွေထဲမှာ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ AI Snap Key က AI Mind Space ကို အမြန်ဆုံးဝင်ရောက်အသုံးပြုနိုင်စေမှာဖြစ်သလို တစ်ချက်နှိပ်လိုက်ရုံနဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာ မြင်တွေ့နေရတဲ့ Content တွေကို ချက်ချင်းစုစည်းထားနိုင်မှာဖြစ်ပါတယ်။
မိမိစိတ်တိုင်းကျ မိမိကိုယ်ပိုင် အချက်အလက်တွေကို သိမ်းဆည်းထားနိုင်မဲ့ ကိုယ်ပိုင်အချက်အလက်စုဘူး တစ်ခုအဖြစ် ဖန်တီးထားတဲ့ AI Mind Space က အရေးကြီးတဲ့ အချက်အလက်တွေကို လွယ်ကူစွာ သိမ်းဆည်းနိုင်ခြင်း၊ သိမ်းထားတဲ့ Content တွေကို ပြန်လည်ကြည့်ရှုနိုင်ခြင်းနဲ့ နေ့စဉ်အသုံးပြုနေရတဲ့ တာဝန်တွေ ၊ အချက်အလက်တွေကို ပိုမိုထိရောက်စွာ စီမံနိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ယခုအခါ အသစ်အဖြစ် ပါရှိလာတဲ့ AI Bill Manager က Digital Payment နဲ့ ငွေရှင်းဘောင်ချာ တွေကို အလိုအလျောက် မှတ်သားခွဲခြားပြီး သုံးစွဲမှုမှတ်တမ်းတွေနဲ့ မိမိရဲ့ ငွေသုံးစွဲမှုကို ပြန်လည်ဆန်းစစ်နိုင်တဲ့ အချက်အလက်တွေအဖြစ် စနစ်တကျ စုစည်းပေးနိုင်ပါတယ်။
OPPO Reno16 Series 5G မှာ AI Model အမျိုးမျိုးကို ထက်မြက်စွာ ပေါင်းစပ်အသုံးပြုကာ ပိုမိုသင့်လျော်ပြီးအခြေအနေအရပ်ရပ်ကို နားလည်နိုင်သလို မိမိအတွက် ပြန်လည်ကူညီထောက်ပံ့ပေးနိုင်မဲ့ လုပ်ဆောင်ချက်တွေပါရှိတဲ့ AI Mind Pilot ကိုလဲ မိတ်ဆက်ထားပြီး AI Mind Space ထဲမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို လုံခြုံစွာ အသုံးပြုပြီး AI Mind Pilot က တာဝန် နဲ့ လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် သင့်လျော်တဲ့ AI Model ကို အကြံပြုပေးနိုင်သလို သုံးစွဲသူတွေအနေနဲ့ ပြန်လည်တုန့်ပြန်လာတဲ့အဖြေနဲ့ရလဒ် တွေကို ဘေးချင်းယှဉ်ပြီး နှိုင်းယှဉ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
ခရီးသွားတဲ့အခါမှာဆိုရင်လဲ AI Menu Translation က နိုင်ငံခြားအစားအစာ Menu တွေကို စာသားအတိုင်း ဘာသာပြန်ပေးရုံသာမက အစားအစာတွေရဲ့ အဓိပ္ပာယ်နဲ့ ပုံရိပ်အခြေပြု ရှင်းလင်းချက်တွေကို ဖန်တီးပေးတာကြောင့် မရင်းနှီးတဲ့ Menu တွေကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

နေ့စဉ်အသုံးပြုမှုအတွက် ယုံကြည်စိတ်ချရတဲ့ Performance
OPPO Reno16 Series 5G ကို Content Creation၊ Mobile Gaming၊ Streaming နဲ့ Social Media အသုံးပြုမှုတွေလို နေ့စဉ်လိုအပ်ချက်များပြားတဲ့ အသုံးပြုမှုတွေအတွက် အထူးဖန်တီးထားပါတယ်။
OPPO Reno16 Series 5G တစ်ခုလုံးမှာ 6,700mAh နှင့်အထက် Battery Capacity တွေ ပါဝင်တာကြောင့် တစ်နေ့တာလုံး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO Reno16 F 5G မှာတော့ 7,000mAh အထိ Battery Capacity ပါဝင်တာကြောင့် ခရီးသွားချိန် ဒါမှမဟုတ် အပြင်မှာ အချိန်ကြာကြာ အသုံးပြုရချိန်တွေမှာ ပိုမိုကြာရှည်ခံတဲ့ ဘက်ထရီခံနိုင်ရည်စွမ်းဆောင်မှု ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက နာမည်ကျော် 80W SUPERVOOC Fast Charging နဲ့ ပေါင်းစပ်ထားတာကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိထောက်ပံ့မှုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
OPPO Reno16 5G မှာဆိုရင်တော့ Snapdragon 7 Gen 4 Mobile Platform ကို အသုံးပြုထားတာကြောင့် နေ့စဉ်အသုံးပြုမှုအတွက် ချောမွေ့ပြီး ယုံကြည်စိတ်ချရတဲ့ Performance ကို ရရှိစေပါတယ်။ နေ့စဉ် ဆက်သွယ်နိုင်မှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေရန် OPPO Reno16 Series 5G မှာ AI LinkBoost 4.0 ကို ထည့်သွင်းထားပြီး လူများပြားတဲ့နေရာတွေ ဒါမှမဟုတ် ဆက်သွယ်မှု ကွန်ရက် အားနည်းတဲ့နေရာတွေမှာ ပိုမိုတည်ငြိမ်တဲ့ ကွန်ရက်စွမ်းဆောင်မှုကို ရရှိစေပါတယ်။ ဒါကြောင့် Gaming၊ Streaming နဲ့ Video Call ပြုလုပ်ရာမှာ နှောင့်နှေးနိုင်ခြေကို လျှော့ချပေးပြီး ပိုမိုချောမွေ့တဲ့ ဆက်သွယ်ချိတ်ဆက်မှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။
Reno16 Series တစ်ခုလုံးကိုလဲ နေ့စဉ်အသုံးပြုမှုအတွင်း ပိုမိုခံနိုင်ရည်ရှိစေရန် ဖန်တီးထားပြီး Model အားလုံးမှာ IP68၊ IP69 နဲ့ IP69K Water and Dust Resistance Rating တွေ ပါဝင်ပါတယ်။ Splash Touch နဲ့ Glove Touch Feature တွေကလည်း ဖုန်းမျက်နှာပြင်မှာ ရေစိုနေချိန် ဒါမှမဟုတ် လက်အိတ်ဝတ်ထားချိန်တွေမှာတောင် Touch Response ကို ဆက်လက်တုံ့ပြန်နိုင်စေတဲ့အထိ ကောင်းမွန်မှုကို ပေးစွမ်းမှာဖြစ်ပါတယ်။


ခေတ်ရှေ့ပြေး 3D Pop Planet Design နဲ့ Photography ပိုင်းမှာ ဆန်းသစ်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာမဲ့ OPPO Reno16 5G ကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူအားပေးသူတွေအတွက် စုစုပေါင်း ငွေကျပ် (၁၅) သိန်းတန်ဖိုးရှိ 180-days Screen Damage Warranty နဲ့ 5-Years Battery Warranty အပြင် အခြား ခံစားခွင့်များပါရှိမဲ့ VIP Card ၊ LED Rechargeable Lamp ၊ 100,000 MMK Cashback နဲ့ ATOM Package ၊ OPPO Reno16 F 5G ကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူအားပေးသူတွေအတွက် စုစုပေါင်း ငွေကျပ် (၁၁) သိန်းတန်ဖိုးရှိ 180-days Screen Damage Warranty နဲ့ 5-Years Battery Warranty အပြင် အခြား ခံစားခွင့်များပါရှိမဲ့ VIP Card ၊ LED Rechargeable Lamp ၊ 100,000 MMK Cashback နဲ့ ATOM Package ၊ စတဲ့ အထူးလက်ဆောင်တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါတင်သာမက အောက်တိုဘာ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဝယ်ယူသူတွေအတွက် OPPO Reno16 5G ကို ဝယ်ယူမယ်ဆိုပါက စုစုပေါင်း ငွေကျပ် (၁၅) သိန်းတန်ဖိုးရှိ 180-days Screen Damage Warranty နဲ့ 5-Years Battery Warranty အပြင် အခြား ခံစားခွင့်များပါရှိမဲ့ VIP Card ၊ LED Rechargeable Lamp ၊ 25,000 mAh အားပါရှိတဲ့ Power Bank နဲ့ ATOM Package ၊ OPPO Reno16 F 5G ကို ဝယ်ယူမယ်ဆိုပါက စုစုပေါင်း ငွေကျပ် (၁၁) သိန်းတန်ဖိုးရှိ 180-days Screen Damage Warranty နဲ့ 5-Years Battery Warranty အပြင် အခြား ခံစားခွင့်များပါရှိမဲ့ VIP Card ၊ LED Rechargeable Lamp ၊ 25,000 mAh အားပါရှိတဲ့ Power Bank နဲ့ ATOM Package တို့ကို အထူးလက်ဆောင်အဖြစ် ထပ်မံပေးအပ်သွားမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၁ ရက်နောက်ပိုင်းဝယ်ယူသူ တွေအတွက်တော့ ATOM Package တစ်မျိုးတည်းသာ လက်ဆောင်အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။
Creator တွေအတွက် အလုံးစုံ စွမ်းဆောင်မှုပြည့်ဝတဲ့ နောက်ဆုံးပေါ် OPPO Reno16 Series 5G နဲ့ပတ်သက်ပြီး အထူးသိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့မှ တစ်ဆင့် လေ့လာကြည်ရှုနိုင်မှာဖြစ်ပါတယ်။
#OPPO #OPPOReno16Series5G
NZ (ရိုးရာလေး)

