အသက် ၂၂ နှစ်အရွယ် ဒေါင်းဆင်ဒရုန်းရောဂါခံစားနေရသူ အော်ဘရီ အောလ်ဘရစ်ချ်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နာမည်ကြီး ကြံ့ခိုင်ရေးအစီအစဉ် UpBeat Barre အတွက် အသိအမှတ်ပြုကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို ဦးဆောင်လမ်းပြသင်ကြားပေးသူဖြစ်လာခဲ့ပါတယ်။
UpBeat Barre နည်းပြဆရာအပြင် VASA Fitness ရဲ့ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ ဂျိန်း ဂျွန်ဆန်က အော်ဘရီကို နှစ်တော်တော်ကြာ စောင့်ကြည့်လာခဲ့တာပါ။ Fitness အတန်းတွေရဲ့အမျိုးမျိုးသောလုပ်ရိုးလုပ်စဉ်၊ ကကွက်တွေကို မှတ်မိရာမှာ အော်ဘရီ အလွန်ထူးချွန်တာကို သတိပြုမိခဲ့တာပါ။ အော်ဘရီက ကကွက်တွေကို မြန်မြန်သင်ယူနိုင်ပြီး မှတ်မိတယ်။ သီချင်းစားသားအားလုံးကိုလည်း သိတယ်။
အော်ဘရီက UpBeat Pilates , Zumba , SilverSneakers , HIGH Fitness အပါအဝင် အတန်းများစွာကို တက်ရောက်နေခဲ့ပေမဲ့ သူ အကြိုက်ဆုံးက UpBeat Barre ကိုပါ။ မကြာသေးခင်ကမှ ကိုယ်လက်ကြံ့ခိုင်ရေးသင်တန်းပို့ချသူအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီးနောက် အတန်းက အော်ဘရီရဲ့အကြိုက်ဆုံးအရာတွေဖြစ်တဲ့ Friends နဲ့ Fitness ကို ပေါင်းစပ်ထားပါတယ်။ အခုဆိုဆို အော်ဘရီက လူ ၆၀ အတန်းကို ပို့ချပေးနေပါတယ်။
Ref: 22-yo with Down Syndrome Becomes Certified Fitness Instructor, Leads Class of 60 at Local Gym
WL (ရိုးရာလေး)

