TUBORG” နှင့် နိုင်ငံကျော်အဆိုတော် “ရဲရင့်အောင်” တို့ပူးပေါင်းပြီး တက်သစ်စအနုပညာရှင်နှစ်ဦးကို လက်တွဲခေါ်ယူခြင်းအစီအစဉ်တင်ဆက်

28.8.23-yyl-17.jpg

ကမ္ဘာကျော်ဘီယာအမှတ်တံဆိပ်ဖြစ်သည့် “TUBORG” နှင့် မြန်မာနိုင်ငံ၏ထိပ်တန်းဂီတကြယ်ပွင့်တစ်ဦးဖြစ်သော “ရဲရင့်အောင်” တို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေ ဖြင့် တက်သစ်စအနုပညာရှင်နှစ်ဦးကို ဂီတအတွေ့အကြုံလမ်းညွှန်ပြသလက်တွဲခေါ်ယူခြင်းအစီအစဉ်ကို မကြာသေးမီက ပြုလုပ်ခဲ့ပါသည်။

“ချေ” နှင့် “ရပါတယ်။ ထွက်သွားပါ” သီချင်းများဖြင့် ပရိသတ်တခဲနက်အားပေးသည့် အဆိုတော် “ရဲရင့်အောင်” သည် တက်သစ်စအနုပညာရှင်များဖြစ်ကြသည့် ပေါ့ပ်တေးသံရှင် “ဆုလှိုင်” နှင့် ဂစ်တာပညာရှင် “Ziee” တို့နှင့်အတူ ပူးပေါင်းကာ “New New” အမည်ရှိ သီချင်းသစ်ကို ဖန်တီးခဲ့ပြီး အဆိုပါ သီချင်းသစ်ကို သြဂုတ်လ ၂၅ ရက်မှ စတင်ကာ Tuborg ၏ Facebook နှင့် YouTube page များ ၊ ပါဝင်သော အနုပညာရှင်များ၏ Facebook page များ ၊ Spotify နှင့် Apple Music တို့မှတစ်ဆင့် ပရိသတ်များ နားဆင်နိုင်ပြီဖြစ်သည်။ အနုပညာရှင်သုံးဦး၏ အတူပူးပေါင်းဆောင်ရွက်မှုအရ ပရိသတ်များအနေဖြင့် မျှော်လင့်စောင့်စားနေရသည့် “ရဲရင့်အောင်” ၏ သီချင်းသစ်ကို ဆုလှိုင်၏ ချိုသာနူးညံ့သည့်အသံ၊ Ziee ၏ ညက်ညောသည့် Acoustic ဂစ်တာသံစဉ်တို့ဖြင့် ပေါင်းစပ်ကာ တမူထူးခြား စွာနားဆင်ရမည် ဖြစ်ပါသည်။

အဆိုပါအစီအစဉ်သည် ကမ္ဘာတဝှန်းရှိ အနုပညာရှင်များနှင့် ပရိသတ်များအတွက် တမူထူးခြားသည့်အတွေ့အ ကြုံများကို ဂီတစွမ်းအားကို အသုံးပြုဖန်တီးပေးသည့် “TUBORG OPEN” ၏ ခုနစ်နှစ်မြောက်အထိမ်းအမှတ် အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် ကျင်းပပြုလုပ်သည့်အစီအစဉ်တွင် နိုင်ငံတကာဂီတပညာရှင် နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအစား မြန်မာနိုင်ငံတွင် တက်သစ်စအနုပညာရှင်တစ်ဦးအနေဖြင့် အောင်မြင်မှု လှေကားထစ်ကို လှမ်းတက်နိုင်ရန်အတွက် လိုအပ်သည့်ကိုယ်တွေ့အတွေ့အကြုံများကို ဝေမျှပေးနိုင်မည့် ပြည်တွင်းထိပ်တန်းအနုပညာရှင်တစ်ယောက်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ယခုအစီအစဉ်တွင် သူ၏ပါဝင်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး နိုင်ငံကျော်အဆိုတော် ရဲရင့်အောင်က “ကျွန်တော့် ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ တခြားအနုပညာရှင်တွေဆီကနေ လေ့လာသင်ယူဖို့အမြဲကြိုးစားခဲ့ပါ တယ်။ ဒါကြောင့် အခု ဆုနှင့် Ziee ကို ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံတွေ ပြန်လည်ဝေမျှပေးနိုင်လို့ စိတ်လှုပ်ရှားမိပါတယ်။ ပံ့ပိုးမှုနဲ့အသိအမှတ်ပြုမှုနှစ်ခုလုံးက ဂီတနယ်ပယ်မှာလျှောက်လှမ်းကြသူတွေအတွက် အမှန်တကယ်အရေးကြီးတဲ့အရာတွေဖြစ်ပြီး ဒီလိုအစီအစဉ်က လူငယ်အနုပညာရှင်တွေအတွက် တကယ်ခြား နားတဲ့အတွေ့အကြုံဖြစ်ပါတယ်။” ဟု ပြောကြားသည်။

အဆိုပါသီချင်းသစ်ကို အတူတကွပူးပေါင်းဖန်တီးရန် အနုပညာရှင်သုံးဦးသည် တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့ရှိ စတူဒီယိုသို့ သွားရောက်အသံသွင်းခဲ့ကြပြီး ဂီတလောကတွင် အောင်မြင်မှုပိုင်ဆိုင်နိုင်ရေးအတွက် လိုအပ်သည့် အချက်များကိုလည်း တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

“New New” အမည်ရှိ သီချင်းသစ်ထွက်ရှိလာသည့်အချိန်တွင် တူရကီနိုင်ငံတွင် သီချင်းဖန်တီးခဲ့သည့်အတွေ့ အကြုံများကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်တိုကိုလည်း တင်ဆက်မည်ဖြစ်ပြီး အဆိုပါ မှတ်တမ်းရုပ်ရှင်တိုမှတစ်ဆင့် ဂီတအတွေ့အကြုံလမ်းညွှန်ပြသလက်တွဲခေါ်ယူခြင်းအစီအစဉ်နှင့် သီချင်းနောက်ကွယ်မှ ဖန်တီးမှုလုပ်ငန်းစဉ်များကိုလည်း ပရိသတ်များ ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။

ယခုအစီအစဉ်နှင့်စပ်လျဉ်းပြီး ဆုလှိုင်ကလည်း တက်သစ်စအနုပညာရှင်အဖြစ် TUBORG ၏အသိအမှတ်ပြုမှု ကိုခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားပါသည်။ “ယခုအစီအစဉ်ကို ကျွန်မရဲ့ ဂီတ လမ်းကြောင်းမှာ မှတ်တိုင်တစ်ခုအဖြစ် အမြဲအမှတ်တရရှိနေမှာပါ” ဟု ၎င်းက ပြောပါသည်။

Ziee ကလည်း “ကျွန်တော်တို့အနေနဲ့ဘဝမှာ တခြားလူတွေရဲ့အတွေ့အကြုံကနေ သင်ယူရလေ့ရှိပါတယ်။ ဒီအစီအစဉ်ဟာလည်း ဒီလိုသဘောမျိုးဆိုတာကို ကျွန်တော်နားလည်ပါတယ်။ အောင်မြင်မှုတွေအများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ထံကနေ လေ့လာသင်ယူခွင့်ရရှိတာ ကျွန်တော်တို့အတွက် တကယ့်စိတ်လှုပ်ရှားစရာ အခွင့်အရေးတစ်ခုပါ” ဟု ပြောသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top