ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်ကြီးနဲ့ သဘာဝစိမ့်ရေထွက်ပေါက်သို့ အလည်တစ်ခေါက်

ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်ကြီးဟာ ဥာဏ်တော်အမြင့်ပေ ၁၀၈ တောင်ရှိပြီး အရံစေတီတော် ၆၄ ဆူရှိပါတယ်။ စေတီတော်အနီးမှာတော့ မေတ္တာခမ်းတန် ဓမ္မဗိမာန်တော်ကြီးတည်ရှိပါနေတယ်။

အဲဒီဗိမာန်တော်ကြီးရဲ့ နေရာအတော်တော်များများကို ကျွန်းသားတွေနဲ့တည်ဆောက်ထားပြီး အချို့သော ကျွန်းတိုင်တွေက လူတစ်ဖက်စာလောက်ရှိတာပါ။

ဗိမာန်တော်ကြီးမှာလေ့လာလို့ပြီးရင်တော့ နောက်ထပ်လည်ပတ်စရာနေရာတစ်ခုက ဖွားကောင်းစံစားသောက်ဆိုင်အနီးမှာရှိနေတဲ့ သဘာဝစိမ့်ရေထွက်ပေါက်နေရာပဲဖြစ်ပါတယ်။

ရေကန်ပတ်လည်မှာ ခရီးသွားပြည်သူတွေ ခေတ္တနားခိုစရာ ခုံတန်းလေးတွေနဲ့အမိုးအကာတွေ စီစဉ်ပေးထားတဲ့အတွက် အနားယူအပန်းဖြေလို့ကောင်းတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top