ONE Championship တွင် တုန်လှုပ်ဖွယ်ရာကောင်းသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည့် အောင်လအန်ဆန်

wsi-imageoptim-Aung-La-N-Sang.jpg

မြန်မာ့ဂုဏ်ဆောင်အားကစားသမား အောင်လအဆန်အတွက် ယခုနှစ်သည် အောင်မြင်မှုများထပ်မံရရှိသော နှစ်တစ်နှစ်ဖြစ်သည်။ ဖေဖော်ဝါရီလကကျင်းပခဲ့သည့် ONE: QUEST FOR GOLD ပြိုင်ပွဲကြီးတွင် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် Alexandre Machado ကို အနိုင်ယူကာ ONE လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူပြီး ဝိတ်တန်း ၂ခု၏ ချန်ပီယံဖြစ်လာခဲ့သည်။

တဖန် ဇွန်လတွင် Ken Hasegawa နှင့် ယှဉ်ပြိုင်ကာ ၎င်း၏မစ်ဒယ်ဝိတ်ခါးပတ်ကို အောင်မြင်စွာ ကာကွယ်ခဲ့သောပွဲသည် ONE Championship သမိုင်းတွင်အကောင်းဆုံးပြိုင်ပွဲအဖြစ်ပြိုင်ပွဲအဖြစ်သတ်မှတ်ခြင်းခံထားရသည်။ ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိခဲ့သော ထိုပွဲစဉ်တွင် အောင်လအန်ဆန်သည် ၎င်း၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားကွက်များကို အကောင်းဆုံးပြသနိုင်ခဲ့သည်။ နည်းစနစ်ကောင်း၊ စိတ်အားထက်သန်မှု၊ ဇွဲရှိမှု၊ ကြံ့ခိုင်သောစိတ်ဓါတ်များကို ရသစုံစွာတွေ့မြင်ရသော ပွဲစဉ်ဖြစ်သည့်အတွက် ထိုပွဲကြီးသည် ပရိတ်သတ်များ၏ မှတ်ဥာဏ်ထဲတွင် အချိန်ရှည်ကြာစွာ အမှတ်ရနေစေမည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။

အောင်လအန်ဆန်သည် ရှုံးပွဲမရှိခဲ့သော လက်ဘနွန်ကစားသမား Mohammad Karaki ကို မကြာသေးမီက ရင်ဆိုင်ခဲ့ရရာ ပြိုင်ပွဲပထမအချီတွင်အနိုင်ယူခဲ့ပြီး၊ ငါးပွဲဆက်တိုက် နိုင်ပွဲရယူခဲ့ကာ ၂၀၁၈ ခုနှစ်ကို အနိုင်နှင့် အဆုံးသတ်ခဲ့သည်။ ထိုပွဲစဉ်သည် အောင်လအန်ဆန်အတွက် ၎င်း၏ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သော ဒုတိယပွဲစဉ်ဖြစ်သည့်အပြင် အောင်လသည် Hasegawa နှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တုန်းကထက် ပိုမိုပြင်းပြင်းထန်ထန်၊ ထူးချွန်ပြောင်မြောက်စွာ ယှဉ်ပြိုင်ခဲ့သည်။ အောင်လအန်ဆန် ကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်သည့်အခါတိုင်း ထူးခြားမှုတစ်စုံတစ်ခုကို အမြဲမြင်တွေ့ရလိမ့်မည်ဟု လူတိုင်းက ထင်လျက်ရှိသည်။

အောင်လအန်ဆန်၏ ကစားသမားသက်တမ်းတစ်လျှောက် မပြောင်းမလဲရှိနေခဲ့သောအရာတစ်ခုမှာ မြန်မာနိုင်ငံသားပရိတ်များ၏ လှိုက်လှဲသောအားပေးမှုကို ရရှိနေခဲ့ခြင်းပင်ဖြစ်သည်။ ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော အောင်လသည် ၎င်း၏မွေးရပ်မြေတွင် ယှဉ်ပြိုင်ရတိုင်း ၎င်း၏ပရိသတ်များကြောင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီးသည် ခံတပ်အဖြစ်သို့ ပြောင်းလဲသွားစမြဲပင်ဖြစ်သည်။

ဤကဲ့သို့အခြေအနေမျိုးကို တစ်ခါကြုံဖူးပါက မည်သည့်အခါမှ မေ့နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် မီဒီယာများနှင့် ကစားဖော်ကစားဖက်များက ၎င်းတို့၏မြန်မာပြည်မှ အတွေ့အကြုံများကြောင်းကို လေးစားအားကျမှုအပြည့်ဖြင့် ပြန်ပြောင်းပြောပြတတ်ကြသည်။ အောင်လအန်ဆန်ကို မြန်မာနိုင်ငံတွင် လာရောက်ယှဉ်ပြိုင်ရခြင်းသည် ပြိုင်ဘက်ကစားသမားများအဖို့ အခက်ခဲဆုံးနှင့် တုန်လှုပ်ဖွယ်ရာကောင်းသော စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ပေသည်။

ဤသို့ယှဉ်ပြိုင်ရခြင်းသည် Barcelona အသင်းကို အခြားသော ဘောလုံးသမားများက Camp Nou တွင် ယှဉ်ပြိုင်ရသကဲ့သို့၊ NBA အသင်းများ Golden State Warriors ပြိုင်ပွဲကို Oakland တွင် ယှဉ်ပြိုင်ရသကဲ့သို့ အလားသဏ္ဍာန်တူပေသည်။ ယှဉ်ပြိုင်မှုပြင်းထန်သလောက် ဆုလာဒ်လည်း ကြီးမားသည်။

အောင်လအန်ဆန်သည် အောင်မြင်မှုမှတ်တိုင်များကို ဆက်တိုက်ဆိုသလို ရရှိခဲ့ပြီး ဂုဏ်သတင်းကြီးမားလာခဲ့ရာ ဤအချက်ကပင် ပြိုင်ဘက်များကို ၎င်းနှင့် စိန်ခေါ်ယှဉ်ပြိုင်လိုစေရန် ဆွဲဆောင်လျက်ရှိသည်။ မြန်မာ့စပါးအုံးအောင်လအန်ဆန်၏မွေးရပ်မြေပေါ်တွင် ၎င်း၏ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို အနိုင်ရယူမှတ်တမ်းတင်လိုခြင်းမရှိသော မစ်ဒယ်ဝိတ်ကစားသမားဟူ၍ ရှိမည်မဟုတ်ပါ။ အောင်လအန်ဆန်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရခြင်းသည် ခက်ခဲသည် မှန်သော်လည်း၊ ကိုယ်ခံပညာကို နှစ်ခြိုက်စွာ သောင်းသောင်းဖျဖျ အားပေးတတ်သော ပရိသတ်များရှေ့တွင် ယှဉ်ပြိုင်ရခြင်းက ပို၍ခက်ခဲပါသည်။

ရန်ကုန်မြေတွင် အောင်လအန်ဆန်နှင့် ကြိုးဝိုင်းအတွင်းယှဉ်ပြိုင်ရခြင်းသည် စိန်ခေါ်မှုပြင်းထန်သည့်အပြင် အောင်မြင်မှုရယူလိုသော ကစားသမားများကို အစွမ်းကုန်တွန်းအားပေးတတ်သော ONE Championship ပြိုင်ပွဲ၏ အခက်တကာ့အခက်ဆုံး စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top