နှစ်တိုင်း ငွေကြေးလှူဒါန်းမှုတွေ လုပ်ခဲ့တဲ့ ကိုရီးယားမင်းသမီးချော ရှင်မင်အာ

30.12.2021yyl12.jpg

ပရိသတ်တွေ အားပေးနှစ်ခြိုက်ခဲ့တဲ့ Hometown Cha-Cha-Cha ဇာတ်ကားထဲက မင်းသမီးချော ရှင်မင်အာ (Shin Min A) ဟာ သရုပ်ဆောင်ကောင်းတဲ့မင်းသမီးဖြစ်တဲ့အပြင် ငွေကြေးတွေကိုရက်ရက်ရောရောလှူဒါန်းလေ့ရှိတဲ့ မင်းသမီးလည်းဖြစ်ပါတယ်။ အခုနှစ်မှာလည်း ရှင်မင်အာက နှစ်တိုင်းလှူဒါန်းလေ့ရှိတဲ့ နေရာတွေမှာ ငွေကြေးလှူဒါန်းခဲ့ပြီး နေရာသစ်တစ်ခုမှာလည်း ငွေကြေးလှူဒါန်းမှုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က ရှင်မင်အာရဲ့ အေဂျင်စီ AM Entertainment က ရှင်မင်အာဟာ နှစ်တိုင်း လှူဒါန်းခဲ့သလို Burn Foundation နဲ့ the Asan Medical Center တို့ကို ဝမ် သန်း ၁၀၀ (ဒေါ်လာ ၈၄၄၀၀) စီ စုစုပေါင်း ဝမ် သန်း ၂၀၀ (ဒေါ်လာ ၁၆၈၇၀၀) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကလည်း the Korean Society for Applied Development Psychology အဖွဲ့အစည်းမှာလည်း ဝမ် သန်း ၁၀၀ လှူဒါန်းမှုအသစ်လုပ်ဆောင်ခဲ့ပါတယ်။

အေဂျင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ရှင်မင်အာဟာ COVID-19 ကပ်ရောဂါတစ်လျှောက်လုံး ဘယ်နေရာတွေမှာ ထောက်ပံ့လှူဒါန်းမှုတွေလုပ်ရမလဲဆိုတာ ရှာဖွေနေခဲ့ပြီး ကပ်ရောဂါဘေးဒဏ်ခံစားခဲ့ရတဲ့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုပေးတဲ့ Korean Society for Applied Developmental Psychology ကို ငွေကြေးလှူဒါန်းဖို့ ရှာတွေ့ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

ရှင်မင်အာဟာ ၂၀၁၅ခုနှစ်က Burn Foundation ကို နှစ်စဉ် ဝမ် သန်း ၁၀၀ လှူဒါန်းမှုက စတင်ပြီး နှစ်တော်တော်ကြာ ဆက်တိုက်လှူဒါန်းနေခဲ့တာပါ။ သူက မီးလောင်ခံရတဲ့ လူနာတွေနဲ့ သူတို့ရဲ့မိသားစုတွေကို အားပေးတဲ့အနေနဲ့ ဆေးရုံတွေကို လူကိုယ်တိုင်လည်းသွားရောက်ခဲ့သလို နိုင်ငံရပ်ခြားက မီးလောင်ခံထားရတဲ့ လူနာတွေကိုလည်း ငွေကြေးအရ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ရှင်မင်အာက လက်တလောလှူဒါန်းမှုတွေအပါအဝင် ဟိုအရင်နှစ်တွေရဲ့လှူဒါန်းမှုတွေနဲ့ ပေါင်းရင် စုစုပေါင်း ဝမ် ၂.၆ ဘီလျံ (ဒေါ်လာ ၂.၂ သန်း) ကို လှူဒါန်းခဲ့ပြီးပါပြီ။

Ref: Soompi “Shin Min Ah Continues Spreading Warmth With Generous Donations”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top