ပုဂံဒေသ၏ နှစ် ရာကျော်သက်တမ်းရှိဓာတ်ပုံများကို ကိုရီယားနိုင်ငံ၏အကူအညီဖြင့် ထိန်းသိမ်းသွားဖို့ရှိနေ

မြန်မာနိုင်ငံရှေးဟောင်းသုတေသန အမျိုးသားပြတိုက်ဦးစီးဌာန၊ ကိုရီးယားအမျိုးသားမော်ကွန်းတိုက်ဌာန၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) တို့ပူးပေါင်းပြီး “ပုဂံဓာတ်ပုံမှတ်တမ်းများမော်ကွန်းတိုက်ကို စောင့်ရှောက်ထိန်းသိမ်းခြင်းနဲ့ ဒစ်ဂျစ်တယ်စနစ်သုံး မှတ်တမ်းတင်သိမ်းဆည်းခြင်းကတစ်ဆင့် ကပ်ဘေးအလွန်ကာလ ပုဂံရှေးဟောင်းသုသေတနနယ်မြေနဲ့ သမိုင်းဝင်စေတီ အဆောက်အဦတွေ ပြန်ထည်ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းကနဦးအစည်းအဝေးတစ်ရပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။


စီမံကိန်းအရ ပုဂံရှေးဟောင်းသုတေသနနယ်မြေနဲ့ သမိုင်းဝင်နေရာအဆောက်အဦတွေက စေတီပုထိုးတွေ၊ ကျောက်ဆစ်ရုပ်တွေ၊ ပန်းချီကားတွေနဲ့ ဆင်းတုတော်တွေကို ၁၉၀၃ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်းက ရိုက်ကူးထားတဲ့ မှန်ပြားနဂ္ဂတစ် ငါးထောင်ကျော်ကို ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ကိုရီယားသမ္မတနိုင်ငံကကူညီတဲ့ရန်ပုံငွေနဲ့လုပ်ဆောင်မှာဖြစ်ပြီး စီမံကိန်းကာလက သုံးနှစ်ကြာမြင့်မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top