အံ့အားသင့်ဖွယ် တည်ဆောက်ထားတဲ့ ပုရွတ်ဆိတ်မြို့တော်ကြီးကို တူးဖော်တွေ့ရှိ

311.23-yyl-2.jpg

သိပ္ပံပညာရှင်တွေဟာ ပုရွက်ဆိတ်တောင်ပို့ တစ်လုံးထဲကို အရည်ဖျော်ထားတဲ့ ဘိလိပ်မြေ ၁၀ တန် လောင်းသွင်းခဲ့ပြီးနောက် တူးဖော်ကြည့်လိုက်ချိန်မှာ ပုရွက်ဆိတ်တွေ တည်ဆောက်ထားတဲ့ ဧရာမမြို့ကြီးတစ်မြို့ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။

ပုရွက်ဆိတ်မြို့တော်ဟာ စတုရန်းမီတာ ၅၀ ကျယ်ဝန်းပြီး မြေအောက်အနက် ၈ မိနစ်အထိ ဖောက်လုပ် တည်ဆောက်ထားတာ တွေ့ရပါတယ်။ ဥမင်လိုဏ်ခေါင်းတွေ၊ အခန်းငယ်တွေ ပါဝင်ပြီး တစ်ကောင်နဲ့တစ်ကောင် မတိုက်မိအောင် ရှောင်ကွင်းသွားနိုင်မယ့် ဖြတ်လမ်းတွေပါ ထည့်သွင်းတည်ဆောက်ထားတာပါ။

ပုရွက်ဆိတ်တွေဟာ မြေမှုန် တန်ချိန် ၄၀ ကို ရွှေ့ပြောင်းသယ်ဆောင်ပြီး ဒီမြို့တော်ကြီးကို တည်ဆောက်ခဲ့တာလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ပုရွက်ဆိတ်တွေဟာ အရွယ်အစား သေးငယ်ပေမဲ့ သန်မာပြီး သူတို့ခန္ဓာကိုယ်ထက် ၁၀ ဆ၊ အဆ ၅၀ လေးလံတဲ့အရာတွေကိုတောင် သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။

သိပ္ပံပညာရှင်တွေက ပုရွက်ဆိတ်မြို့တော် တူးဖော်ရေးလုပ်ငန်းစဉ်ကို ၃ ရက်ကြာ တူးဖော်ခဲ့ရပြီး ဒီအကြောင်းကို Ants: Nature’s Secret Power ဆိုတဲ့ မှတ်တမ်းရုပ်ရှင်လည်း ရိုက်ကူးခဲ့ပါတယ်။

Ref: Scientists Pumped Tonnes of Cement Into Abandoned Ant Hill and Discovered Mega-city in The Earth

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top