ပလတ်စတစ်စားတဲ့ ဘက်တီးရီးယားကို အသုံးပြုပြီး စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကို မိတ်ကပ်၊ ဆေးဝါးနဲ့ ရေမွှေးအဖြစ် အသွင်ပြောင်းနိုင်မယ့်နည်းလမ်းကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

3.11.23-yyl-1-1.jpg

*EMBARGOED UNTIL 12.00 GMT, WED NOV 1 (08.00 ET)* These beads contain engineered E. coli that efficiently transform PET waste into a high-value compound. Photo released November 1 2023. See SWNS story SWSCbacteria. Plastic-chomping bacteria could transform plastic bottles into make-up, drugs and perfumes, according to a new study. University of Edinburgh scientists engineered an E. coli bacteria to eat our litter and regurgitate it into something else. Mountains of disposable polyethylene terephthalate (P

အီဒင်ဘာ့ဂ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ E. coli ဘက်တီးရီးယားကို ပလတ်စတစ်တွေ စားသုံးစေပြီး အဒီပစ်အက်ဆစ် (adipic) ပြန်ထုတ်တာပါ။ အဒီပစ်အက်ဆစ်ဆိုတာ အလှအပ၊ ဆေးဝါးနဲ့ အမွေးနံ့သာပစ္စည်းတွေ ထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါ။

အီဒင်ဘာ့ဂ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ E. coli ဘက်တီးရီးယားတစ်မျိုးကို အသုံးပြုပြီး စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေထဲက terephthalic acid ကို muconic acid အဖြစ် စတင်ပြောင်းလဲပါတယ်။ အဲဒီနောက်မှာ E. coli ဘက်တီးရီးယား နောက်တစ်မျိုးကို အသုံးပြုပြီး အဒီပစ်အက်ဆစ်အဖြစ် အသွင်ပြောင်းလဲတာပါ။

ကမ္ဘာပေါ်မှာ နေ့စဉ်နေ့တိုင်း စွန့်ပစ်ပလတ်စတစ်ပစ္စည်း တန်ချိန်သန်းချီ ရှိပြီး ၈၀ ရာခိုင်နှုန်းကတော့ တစ်ခါသုံးပစ္စည်းတွေ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အဒီပစ်အက်ဆစ် ထုတ်လုပ်ဖို့ စွမ်းအင်သုံးစွဲမှု များပြားပြီး တွင်းထွက်လောင်စာတွေကို အသုံးပြုရလေ့ရှိပါတယ်။ အခုအခါမှာတော့ E. coli ဘက်တီးရီးယားကို ပလတ်စတစ် စားစေပြီး အဒီပစ်အက်ဆစ် ထုတ်လုပ်နိုင်ပြီဖြစ်လို့ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာပါပြီ။

Ref: Scientists Engineered a Bacteria to Eat Plastic Bottles and Transforming Them into Useful Liquids

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top