အိန္ဒိယနိုင်ငံက မှာယူထားတဲ့ ကိုဗစ်ကုသဆေး Remdesivir အလုံးပေါင်းသုံးသောင်း ပြည်တွင်းကိုရောက်ရှိပြီဖြစ်

219836445_4673481836014418_1900026863973425856_n.jpg

ရန်ကုန်၊ ဇူလိုင် (၂၁)

အိန္ဒိယနိုင်ငံက မှာယူထားတဲ့ ကိုဗစ်ကုသဆေး Remdesivir အလုံးပေါင်းသုံးသောင်း ပြည်တွင်းကို ရောက်ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

COVID-19ရောဂါကုသရာတွင်အသုံးပြုတဲ့ Remdesivir အလုံးပေါင်းသုံးသောင်းဟာ မြန်မာကျပ်ငွေ (၃) ဘီလျံခန့်တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင် (၂၀) ရက် ညပိုင်းက နေပြည်တော်လေဆိပ်မှာ Remdesivir ဆေးတွေကို လက်ခံရရှိထားပြီးဖြစ်ပါတယ်။

ကိုဗစ်ကုသဆေးတွေကို ဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါကုသရေးဆေးရုံတွေကို အမြန်ဆုံးရောက်ရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးစုစုပေါင်း (၄) သန်း ဝယ်ယူထားပြီး အခုဇူလိုင်နဲ့ သြဂုတ်လတွေမှာ ကာကွယ်ဆေးတွေရောက်ရှိမှာဖြစ်တယ်လို့ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top