Gym ကနေ ရရှိနိုင်တဲ့ ရောဂါကူးစက်မှုများနဲ့ ကုသနည်းများ

yyl-030-13.jpg

ကျွန်တော်တို့တွေက ကျန်းမာကြံ့ခိုင်ဖို့အတွက် Gym သွားကြတာပါ။ ဒါပေမဲ့ Gym ကလည်း သင့်ကိုဖျားနာစေတဲ့ ဘတ်တီရီးယားပေါက်ဖွားနိုင်တဲ့နေရာလို့ပြောရင်း အံ့သြသွားမယ်ထင်ပါတယ်။ Gym ကနေ ရလာနိုင်တဲ့ အဖြစ်များဆုံးရောဂါကူးစက်မှုနဲ့ ဘယ်လိုကုသရမလဲဆိုတာကို ဒီအကြောင်းအရာလေးကနေ မျှဝေပေးလိုက်ရပါတယ်။

ခြေထောက်မှာ သဲဝဲဖြစ်ခြင်း

လူတစ်ယောက် အသားချင်းထိမိတာကနေရနိုင်တဲ့ ခြေထောက်မှာ သဲဝဲဖြစ်တာက အဖြစ်များဆုံးပါပဲ။ လူသိများတဲ့လက္ခဏာရပ်က ခြေထောက်မှာ အဖုအပိမ့်အနီကွက်တွေပေါ်လာပြီး ယားယံခြင်းနဲ့ ခြေချောင်းကြားတွေမှာလည်း ယားယံခြင်းတို့ဖြစ်ပါတယ်။

ကုသနည်း

သဲဝဲကို ယားနာပျောက်ဆေးခရင်မ်၊ ပေါင်ဒါတို့နဲ့ အလွယ်တကူကုသလို့ရပါတယ်။ ပြင်းထန်တဲ့အခြေအနေမှာဆိုရင်တော့ အရေပြားဆရာဝန်ရဲ့ညွှန်ကြားချက်ကို လိုက်နာဖို့လိုအပ်ပါတယ်။ ကာကွယ်တာက အကောင်းဆုံးကုသနည်းပါပဲ။ ဒါကြောင့် Gymမှာ အမြဲတမ်းရှူးဖိနပ်ဝတ်ဆင်ပါ။ ခြေဗလာနဲ့ Gym မဆော့ပါနဲ့။ အရမ်းချွေးထွက်ရင် အားကစားဖိနပ်မဝတ်ဆင် သင့်ခြေထောက်မှာ ယားနာပျောက်ဆေးပေါင်ဒါကို လိမ်းပေးထားသင့်ပါတယ်။

သန်း

သန်းက ရင်ဘတ်၊ ချိုင်းကြား၊ မျက်ခုံးမွေးလို အမွေးအမှင်များတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပြန့်ပွားနိုင်ပါတယ်။ သန်းရှိတဲ့သူရဲ့ တဘတ်ကို အသုံးပြုမိရင်လည်း သန်းပေါက်ဖွားနိုင်ပါတယ်။ ဒီအချက်ကတော့ ဖြစ်ဖို့တော့ နည်းနည်းခဲယင်းမယ်ထင်ပါတယ်။

ကုသနည်း

သန်းပျောက်စေတဲ့ ခေါင်းလျှာ်ရည်၊ လိုရှင်း၊ ဆေးတွေကို ဝယ်ယူရရနိုင်ပါတယ်။ Gymမှာလည်း တစ်ကိုယ်ရည်သန့်ရှင်းမှုရှိအောင် အလေ့အကျင့်လုပ်ပေးပါ။ Gymမှာ သင်အသုံးပြုမဲ့နေရာကို သုတ်ပေးတာ၊ ဦးထုတ်၊ တဘတ်နဲ့အခြားအရာတွေကို Gymကလူတွေနဲ့ ဝေမျှအသုံးမပြုပါနဲ့။ သင့်ရဲ့ပစ္စည်းတွေကို သန်းတွေမဝင်ရောက်နိုင်တဲ့ အိတ်ထဲမှာသိမ်းထားသင့်ပါတယ်။

ခြေသည်းမှိုစွဲခြင်း

ခြေသည်းမှိုစွဲခြင်းရဲ့ လူသိများဆုံးအကြောင်းအရင်းက သဲဝဲကိုဖြစ်စေတဲ့ အမျိုးအစားတူမှိုစွဲခြင်းပါပဲ။ ညစ်ပတ်တဲ့ကြမ်းပြင်နဲ့ စိုစွတ်တဲ့နေရာတွေကန ကူးစက်ခံရနိုင်ပါတယ်။ ခြေသည်းမှိုစွဲပြီဆိုရင် ခြေသည်းပုံစံပြောင်းလဲလာပြီး ခြေသည်းပိုထူလာကာ အဝါရောင်သမ်းလာပါတယ်။

ကုသနည်း

ကုသဖို့အတွက် မှိုစွဲတာကို ပျောက်ကင်းစေတဲ့ပေါင်ဒါကို အသုံးပြုလို့ရပါတယ်။ ထူးခြားမှုမရှိလာဘူးဆိုရင် ဆရာဝန်ကိုပြပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးကို သောက်ပါ။ အဲဒါကို ကုသဖို့အတွက် ၃ လလောက် အချိန်ယူရပါတယ်။

ပွေး

မှိုအမျိုးအစားအစုံကြောင့်ဖြစ်တဲ့ အရေပြားကူးစက်မှုတွေကို အဖြစ်များကြပါတယ်။ အသားရေချင်းထိမိတာနဲ့ကူးစက်နိုင်သလို ညစ်ပတ်တဲ့တဘတ်တွေ၊ Gym ကြမ်းပြင်စိုစွတ်နေတာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ သင့်အသားရေမှာ အနီကွက်ဖြစ်လာရင်အဲဒါ ပွေးပါပဲ။ ရင်ဘတ်၊ နောက်ကျော၊တင်ပါး၊ ပေါင်၊ ခြေထောက်တွေမှာ ပွေးပေါက်တတ်ပါတယ်။

ကုသနည်း

ပွေး၊ယားနာပျောက်ဆေးကို ဝယ်ယူပြီး လိမ်းပေးလို့ရပါတယ်။ မသက်သာလာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။ ပွေးက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာကနေ တစ်နေရာကို အလွယ်တကူပျံ့နိုင်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။

Ref: Nasty infections you can catch at the gym

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top