ကြည့်ရှုနှုန်းအမြင့်ဆုံး “Squid Game” ကို ကျော်တက်တော့မယ့် “Stranger Things” Season 4

6-7-2022-10.jpg

မကြာသေးခင်က ပြသပြီးသွားခဲ့တဲ့ Netflix ရဲ့ရုပ်သံစီးရီး Stranger Things စတုတ္ထတွဲဟာ စုစုပေါင်း ကြည့်ရှုနှုန်း နာရီပေါင်း ၁.၁၅ ဘီလီအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ မင်းသမီး ဝင်နိုနာ ရိုက်ဒါ၊ မီလီ ဘောဘီ ဘရောင်းနဲ့ နာမည်ကြီးကလေးသရုပ်ဆောင်တော်တော်များများ ပါဝင်ထားတဲ့ ဒီသဘာဝလွန်ခြောက်ခြားစရာဇာတ်လမ်းတွဲက Netflix မှာ လူကြိုက်အများဆုံး အင်္ဂလိပ်ဘာသာစကားစီးရီးဖြစ်နေပါတယ်။ ကြည့်ရှုနှုန်းနာရီပေါင်း (၁.၆၅) ဘီလျံအထိ ရောက်ရှိခဲ့တဲ့ Netflix ရဲ့တစ်ခုတည်းသောစီးရီးက တောင်ကိုရီးယားဇာတ်လမ်းတွဲ Squid Game ပါ။

Stranger Things စတုတ္ထတွဲဟာ နိုင်ငံပေါင်း (၉၁) နိုင်ငံက အင်္ဂလိပ်ဘာသာစကားစီးရီး Top 10 စာရင်းမှာ နံပါတ်တစ်နေရာရောက်နေပါတယ်။ အပိုင်း ၉ ပိုင်း ပါဝင်တဲ့ ဒီစတုတ္ထတွဲကို မေလ ၂၇ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ နောက်ဆုံး (၂) ပိုင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီစီးရီးက တတိယတွဲရဲ့အဖြစ်အပျက်တွေပြီးတဲ့နောက် (၈) လအကြာ ၁၉၈၆ ခုနှစ် မတ်လမှာ ဇာတ်အိမ်တည်ထားတာပါ။

Stranger Things ပထမတွဲကို ၂၀၁၆ခုနှစ်၊ ဒုတိယတွဲကို ၂၀၁၇ခုနှစ်၊ တတိယတွဲကို ၂၀၁၉ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

Ref: AsiaOne “Netflix says ‘Stranger Things’ sets new viewing milestones”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top