တက်သစ်စထိုင်းမင်းသားချော Dew Jirawat အကြောင်း တစ်စေ့တစောင်း

3-5-2022-yyl04.jpg

ရိုးရာလေးစာဖတ်ပရိသတ်တွေကို ပွဲဉီးထွက်ဇာတ်လမ်းတွဲနဲ့တင် ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့ တက်သစ်စထိုင်းမင်းသားချောလေးအကြောင်း တင်ဆက်ပေးချင်ပါတယ်။ အဲဒီမင်းသားချောလေးကတော့ Dew Jirawat Sutivanichsak ပါ။

မင်းသားချော Dew က GMM TV ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ မော်ဒယ်၊မင်းသားတစ်ယောက်ပါ။ သူဟာ ၂၀၀၀ ခုနှစ်ဖွား တက်သစ်စမင်းသားတစ်လက်လည်းဖြစ်ပါတယ်။ မွေးနေ့မွေးလအတိအကျကတော့ ၂၀၀၀ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ပါ။ သူ့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာပဲ မွေးဖွားခဲ့တာပါ။

သူ့ရဲ့မွေးနာမည်က Kongkidakorn ဖြစ်ပေမဲ့ အလယ်တန်းကျောင်းတက်တော့ Jirawat ဆိုပြီး ပြောင်းလဲခဲ့တာပါ။ လက်ရှိမှာတော့ Dew က Interactive and Multimedia Design မေဂျာနဲ့ Srinakharinwirot University မှာ ကျောင်းတက်နေပါတယ်။ တက္ကသိုလ်ပထမနှစ်မှာ Dew က ပြည်သူ့ဆက်ဆံရေးသံတမန်အနေနဲ့ ရွေးချယ်ခံခဲ့ရပါသေးတယ်။

၂၀၂၁ခုနှစ်ကုန်မှာ ထွက်ရှိခဲ့တဲ့ ထိုင်းဗာရှင်း F4: Boys Over Flowers ဇာတ်လမ်းတွေနဲ့ Dew ကို ပရိသတ်တွေက သတိထားမိလာခဲ့တာပါ။ ဒီဇာတ်လမ်းတွဲက Dew ရဲ့ပွဲဉီးထွက်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ F4 ဇာတ်လမ်းတွဲမှာ အနေအေးပြီး ကြင်နာတတ်တဲ့ ဒုတိယဇာတ်ကောင် ပန်းချီဆရာ Ren အဖြစ် ပါဝင်ခဲ့တာပါ။

အဲဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဝင်သီချင်းကို Dew ကိုယ်တိုင် သီဆိုခဲ့တာပါ။ ဒီဇာတ်လမ်းတွဲကြောင့်ပဲ Dew က တဖြည်းဖြည်းနာမည်ရလာခဲ့ပြီး ကြည့်ရှုသူတွေဆီက ကောင်းတဲ့တုံ့ပြန်ချက်တွေ ရရှိခဲ့ပါတယ်။ Dew က Dutchmill ကြော်ငြာကိုလည်း F4 သရုပ်ဆောင်တွေနဲ့အတူအတူရိုက်ထားပါသေးတယ်။

Dew ရဲ့ အင်စတာဂရမ်အကောင့်ကတော့ dew_jsu ဖြစ်ပြီး ဖော်လိုဝါ ၅ သန်းကျော်ရှိပါတယ်။ ဇာတ်လမ်းတွဲအသစ်အနေနဲ့ကတော့ Dew က Home School ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးဖို့ အစီစဉ်ရှိနေပါတယ်။ Dew ရဲ့ F4 ဇာတ်လမ်းတွဲကို စာဖတ်ပရိသတ်တွေ ကြည့်ရှုချင်ရင်တော့ F4 Thailand: Boy Over Flowers ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်ခ်မှာ ရှာကြည့်လို့ရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဧပြီ ၉ ရက်နေ့က ထုတ်လွှင့်ပြီးသွားခဲ့တာဖြစ်ပါတယ်။

Source from Google

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top