တောစပ်နားက အမှိုက်ပုံကြီးထဲကနေ ဆင်တစ်သိုက်အစာရှာနေလို့ ပလတ်စတစ်စားမိမှာဆိုးနေရ

5-9-2020-yyl-012.jpg

သီရိလင်္ကာက ဆင်အုပ်လိုက်ကြီးက အမှိုက်တောထဲကနေ အစာရှာနေတဲ့ စိတ်မချမ်းမြေ့စရာမြင်ကွင်းပုံရိပ်တွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံံ့လာခဲ့ပါတယ်။ ပုံထဲက အမှိုက်တောထဲကနေ အစာရှာပြီး အမှိုက်တချို့ကို စားနေတဲ့ဆင်တွေကို ပြသနေတာပါ။ အခုဆိုရင် သီရိလင်္ကာရဲ့အရှေ့ပိုင်းစီရင်စုမှာရှိတဲ့ ဆင်တွေနေထိုင်ရာ သဘာဝတောနားအထိ အမှိုက်တွေ လာရောက်စုပုံနေတဲ့အတွက် ဆင်တွေက အမှိုက်ပုံထဲကနေ အစာရှာရင် မတော်တဆပလတ်စတစ်တွေမတော်တဆစားမိတာကြောင်ံ သူတို့ရဲ့ကျန်းမာရေးအတွက် အန္တရာယ်ရှိမှာ ဆိုးနေရပါတယ်။

အမှိုက်တောထဲမှာ အစာရှာနေတဲ့ ဆင်တစ်သိုက်ရဲ့ပုံရိပ်တွေကို ဓာတ်ပုံဆရာ သာမက်လန် တီလာဇန် (Tharmaplan Tilaxan) က မြင်တွေ့ကာ ရိုက်ကူးခဲ့တာပါ။ “အရှေ့ပိုင်းစီရင်စုမှာ တောရိုင်းဆင်တစ်သိုက်က မနှစ်မြို့စရာအကျင့်တစ်မျိုးရှိနေပါတယ်။ ဒီဆင်တွေကို အမှိုက်ပုံထဲမှာ အစာရှာနေတာကို မြင်တွေ့ခဲ့ရတယ်”လို့ သာမက်လန်က ဆိုပါတယ်။ အမှိုက်ပုံကြီးက Ampara ခရိုင်အစပ်နားက တောအုပ်မှာ ရှိနေပြီး အမှိုက်ပုံကများများလာကာ တောအုပ်နားထိ ပျံ့လာခဲ့ပြီး အစာလာရှာအောင် ဆင်တွေကို အဲဒီအမှိုက်ပုံကြီးက ဆွဲဆောင်နေပါတယ်။ အစက အမှိုက်ပုံတစ်ဝိုက်မှာ ခြံစည်းရိုးကာထားပေမဲ့ တိရစ္ဆာန်တွေက လွတ်လပ်စွာ ဝင်ရောက်သွားလာနေတဲ့အတွက် ခြံစည်းရိုးပျက်စီးသွားခဲ့တာပါ။

ပလတ်စတစ်အိတ်တွေ၊ အခွံတွေနဲ့ အမှိုက်ပုံကြီးက တောထဲရောက်လာကတည်းက ပလတ်စတစ်တွေကို တိရစ္ဆာန်တွေရဲ့မစင်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။ အမှိုက်ပုံထဲကနေ ဆင်တွေ စားသောက်နေတာကို အခုလိုတွေ့ရတာက ဒီတစ်ခါတည်းမဟုတ်တော့ပါဘူး။ အရင်လကလည်း အလားတူပုံမျိုးတွေ အခြားသတင်းမီဒီယာတွေမှာ ပေါ်လာခဲ့ပါသေးတယ်။ အဲဒီပုံတွေမှာက အိန္ဒိယနိုင်ငံရဲ့ဆင်တစ်ကောင်ကို အမှိုက်တွေဖုံးနေခဲ့တာပါ။ ဆင်က သူ့နှာမောင်းကို သုံးပြီး ပလတ်စတစ်အမှိုက်ထဲကနေ အစာရှာနေတဲ့အတွက်ကြောင့်ပါ။ အဲဒီအမှိုက်တွေက ခရီးသွားဧည့်သည်တွေ ချန်ရစ်ထားခဲ့တာဖြစ်တယ်လို့ အားကစားဂျာနယ်သမား Pranab Das က ဆိုပါတယ်။

“ဒီပုံတွေက အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်တာကနေ ရပ်တန့်ပစ်ဖို့ လူတွေကို တွန်းအားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ ပလတ်စတစ်တွေကို စားမိနေတဲ့ ဆင်တွေကို မြင်ရတာ ကျွန်တော့်ကို နာကျင်ရစေတယ်”လို့ Pranab ကဆိုပါတယ်။ ပလတ်စတစ်တွေက သဘာဝပတ်ဝန်းကျင်ကိုသာမက ကမ္ဘာတစ်ဝှမ်းက တောရိုင်းတိရစ္ဆာန်တွေကိုလည်း ထိခိုက်စေပါတယ်။ ပလတ်စတစ်တွေက ဆွေးမြေ့သွားဖို့အတွက် အချိန်ယူရတာကြောင့် တိရစ္ဆာန်တွေရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်။ တိရစ္ဆာန်တွေက ပလတ်စတစ်တွေကို မတော်တဆစားမိနိုင်ပြီး အသက်သေဆုံးနိုင်တဲ့အကျိုးဆက်ကို ရင်ဆိုင်ရနိုင်ပါတယ်။

Ref: Ladbible “Herd Of Elephants Seen Foraging In Rubbish Dump For Food”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top