နှစ် ၅၀ ကျော်ကြာတဲ့အထိ ကလေးတွေကို ရေကူးသင်ပေးနေဆဲ ၁၀၂ နှစ် အဘွားအို

10.8.23-yyl-1.jpg

အသက် ၁၀၂ နှစ်အရွယ်အဘွားအို ပတ်ဂီ ကွန်ဇက်က ရေကူးသင်ကြားလာခဲ့တာ ဆယ်စုနှစ် ၅ စုကျော်ကြာခဲ့ပါပြီ။ အိုရီဂွန်ပြည်နယ်က YMCA of Douglas County အဖွဲ့အစည်းမှာ ကလေးတွေကို ရေကူးသင်ပေးနေတာပါ။ သူ လုပ်နိုင်နေသရွေ့ ရေကူးသင်ပေးတာကို ဆက်ပြီး လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။

အဘွား ပတ်ဂီကို ၁၉၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က လော့စ်အိန်ဂျလိစ်မှာ မွေးဖွားခဲ့တာပါ။ နောက်ပိုင်းမှာ Butte မြို့ကို ပြောင်းရွှေ့ခဲ့ပြီး 7th Day Adventists Youth Camp တက်တဲ့အချိန် သူ့ခင်ပွန်းဖြစ်မယ့်သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ သူတို့စုံတွဲက Roseburg ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူတို့နှစ်ဦးက ၇၉ နှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်။ ပတ်ဂီရဲ့ခင်ပွန်းဖြစ်သူဟာ ၂၀၂၁ ခုနှစ်၊ အသက် ၁၀၀ မှာ ကွယ်လွန်ခဲ့ပါတယ်။

ပတ်ဂီက YMCA မှာ ပုံမှန် ရေကူးဖြစ်ပြီး သူငယ်ချင်းတစ်ယောက်နဲ့အတူ မိဘ-ကလေးရေကူးသင်တန်းတွေမှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ ပတ်ဂီက ရေကူးသင်ကြားရေးလက်မှတ်ရထားပြီးသားပါ။ မိဘတွေနဲ့ ကလေးတွေကို ရေကူးနည်းနဲ့ ကူညီပေးရတာကို နှစ်သက်တယ်လို့ သူက ဆိုပါတယ်။ “ဒါက ကျွန်မကို ပျော်ရွှင်စေတယ်။ ကလေးတွေကို ရေကူးသင်ပေးရတာ ဝမ်းသာတယ်။ မိဘတွေနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိလို့ နှစ်သက်မိတယ်”လို့ ပတ်ဂီက ပြောပါတယ်။

ပတ်ဂီက တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ရေကူးသင်ပေးပြီး အင်္ဂါ၊ ကြာသပတေးနဲ့ သောကြာနေ့တွေဆို သူ ရေကူးဖို့ လာပါတယ်။

Ref: 102-Year-Old Woman Still Teaching Babies to Swim After More Than 50 Years: ‘It Makes Me Happy’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top