ရန်ကုန် အောက်တိုဘာ ၁၃
ယာယီသံဃာဆေးရုံမှာ တက်ရောက်ကုသနေတဲ့ သံဃာတော် ၁၁၅ ပါးဟာ ဒီနေ့မနက်ပိုင်းမှာပဲ သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီးကို ပြန်လည်ကြွရောက်သွားကြပြီလို့ ဆေးရုံမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ ကိုချမ်းမြေ့ဦးက ရိုးရာလေးကို ပြောပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/10/13-10-2020-yyl-011.jpg)
အဲဒီယာယီသံဃာဆေးရုံကို ဗဟန်း(၃)လမ်းထိပ်က ရတနာဃရ အဘိဓမ္မာ ဓမ္မဗိမ္မာန်တော်ကြီးမှာ ဖွင့်လှစ် ထားတာဖြစ်ပြီးတော့ ခုတင်(၃၀၀)ဆံအဖြစ် COVID-19 အတည်ပြု သံဃာတော်များကိုသာ သီးသန့်အနေနဲ့ ပြုစုကုသ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/10/13-10-2020-yyl-012.jpg)
ဒီနေ့မနက်မှာ ပြန်လည်ကြွရောက်သွားတဲ့ သံဃာတော်တွေထဲမှာ ပန်းဘဲတန်းမြို့နယ်အတွင်းမှာရှိတဲ့ သိမ်တော်ကြီးကျောင်းတိုက်က သံဃာတော် ၇၆ ပါး၊ ကျန်တဲ့ကျောင်းတိုက်များက သံဃာတော် ၃၉ ပါး ပါဝင်တယ်လို့ ကိုချမ်းမြေ့ဦးက ဆိုပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/10/13-10-2020-yyl-013.jpg)
အခုဆိုရင် တက်ရောက်ကုသနေတဲ့ သံဃာတော် ၁၁၅ ပါးဟာ ကျန်းမာရေးလည်း ကောင်မွန်ကြတဲ့အပြင် သတ်မှတ်ထားတဲ့ Quarantine ၁၁ ရက်လည်း ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာကျောင်းတိုက်တွေကို ပြန်လည်ကြွရောက်သွားကြတာဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/10/13-10-2020-yyl-014.jpg)
ရတနာဃရ အဘိဓမ္မာ ဓမ္မဗိမ္မာန်တော် ယာယီသံဃာဆေးရုံကို လာရောက်တက်ရောက်ကုသကြတဲ့ သံဃာတော်တွေကို ဆရာဝန် ၁၀ ယောက်၊ သူနာပြု ၁၀ ယောက်၊ စေတနာ့ဝန်ထမ်း ၁၀ ယောက်၊ စုစုပေါင်း အယောက် ၃၀ နဲ့ ကုသစောင့်ရှောက်ပေးနေတာလို့ သိရပါတယ်။
Photo – Chan Myae Oo
KST(ရိုးရာလေး)