ရွာပုလဲကျေးရွာက လူဦးရေတစ်ထောင်ကျော်အတွက် စက်ရေတွင်းကို MPTက လွှဲပြောင်း လှူဒါန်းခဲ့

5-1.jpg

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တဲ့ MPT က “နှလုံးသားထဲကမြန်မာ” အစီအစဉ်ရဲ့အစိတ်အပိုင်း တစ်ခု အနေနဲ့ စက်ရေတွင်း လွှဲပြောင်းလှူဒါန်းပွဲကို ပြီးခဲ့တဲ့ မေလ (၈) ရက်က မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ငါ့သရောက်မြိုနယ်ခွဲက ရွာပုလဲကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ MPT က “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်” နဲ့ ရေရရှိရန်ခက်ခဲကြုံနေရတဲ့ နိုင်ငံအဝှမ်းက ဒေသခံ လူမှုအဖွဲ့ အစည်းကို စက်ရေတွင်းတွေ တူးဖော်ခြင်းနဲ့ ရေလှောင်ကန်တွေ တည်ဆောက်ပေးခြင်းဖြင့် သန့်ရှင်းတဲ့ သောက်သုံးရေ အရင်းအမြစ်တွေကို ထောက်ပံ့ ပေးလျက်ရှိပါတယ်။

အခု စက်ရေတွင်း လှူဒါန်းမှုက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ (၁,၀၀၀) ကျော် နေထိုင်လျက်ရှိတဲ့ ရွာပုလဲကျေးရွာက ဒေသခံတွေအတွက် တူးဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ရွာသူရွာသားတွေအတွက် နေ့စဉ်ဘဝမှာ ပိုမိုလွယ်ကူအဆင်ပြေရန် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အရင်က သောက်သုံးရေရရှိရန် ဝေးကွာတဲ့ နေရာတွေက ရယူခဲ့ရပြီး သန့်ရှင်းမှုအားနည်းခဲ့သော်လည်း အခုအခါ သန့်ရှင်းတဲ့ သောက်သုံးရေအရင်းအမြစ်ကို ရရှိလာပြီဖြစ်တဲ့အတွက် အများပြည်သူတိုရဲ့ ကျန်းမာရေးအဆင့်အတန်းလည်း ပိုမိုအဆင့်မြင့်မားလာတော့မှာ ဖြစ်ပါတယ်။ အခုလို လူမှုဘဝတိုးတက်မှုနှင့် အများပြည်သူရဲ့ ကျန်းမာရေးအဆင့်အဆန်း တိုးတက်မြင့်မား လာစေရေး ဆောင်ရွက်ချက်တွေမှာ MPT ရဲ့လူမှုအကျိုးပြုလုပ်ငန်းတွေထဲက အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

အခုလို ရွာပုလဲကျေးရွာမှာ စက်ရေတွင်းတူးဖော်လှူဒါန်းမှုက အခုနှစ် ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေရဲ့အစိတ်အပိုင်းလည်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်တွဲဖော် NGO အဖွဲ့အစည်းတွေ၊ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းတဲ့ သောက်သုံးရေ အရင်းအမြစ်တွေကို အများပြည်သူကိုအထောက်အပံ့ပြုနေခြင်းပင်ဖြစ်ပါတယ်။

MPT အနေနဲ့ ရေအရင်းအမြစ်ရရှိရေးဟာ နေ့စဉ်ရင်ဆိုင်ရတဲ့ အခက်အခဲပါ။ သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ် ဖြင့် လွန်ခဲ့တဲ့ (၂) နှစ်အတွင်း စက်ရေတွင်းတွေနဲ့ ရေ ကန်ပေါင်း (၃၀) ကို မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွေက ရေရှားပါးသည့်ဒေသတွေမှာ လှူဒါန်းတည်ဆောက်ပေးခဲ့ပြီး၊ ဒေသခံပေါင်း ၄,၇၀၀၀ ကျော်အတွက် သန့်ရှင်းတဲ့ သောက်သုံးရေ ရေအရင်းအမြစ်တွေ ထောက်ပံ့ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

MPT အနေနဲ့ ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စတဲ့ ပင်မထောက်တိုင်သုံးခုအတွက် လူမှုအကျိုးပြုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး မျိုးဆက်သစ်လူငယ်တွေအတွက် ဦးတည်ပြီး မြန်မာနိုင်ငံကို ရှေ့သို့ တိုးတက်လာစေရန် ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အချို့သောဒေသတွေမှာ ရေအရင်းအမြစ် ရရှိမှုသည် ပြဿနာတစ်ရပ်အနေဖြင့် ဆက်လက်တည်ရှိနေပြီး၊ အထူးသဖြင့် ရာသီဥတု ပူပြင်း ခြောက်သွေ့တဲ့ကာလမှာ ရေရရှိနိုင်ရန် ခက်ခဲလျက်ရှိသတဲ့ ဒေသတွေ အများအပြား ရှိနေတာကို MPT အနေဖြင့် သိရှိထားတဲ့အတွက် နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး အခုအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် ဒေသခံများအနေနဲ့ အကျိုးကျေးဇူးတွေ ရရှိရန် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top