စမတ်ဖုန်းလောကမှာ ပထမဆုံးသော Smart Aura Light Portrait အင်္ဂါရပ်ပါရှိပြီး အလွန်ပါးလွှာသော ဒီဇိုင်းနှင့် V29 5G ကို vivo က မိတ်ဆက်တော့မည်

28.9.23-yyl-9.jpg

ဈေးကွက်ရှေ့ဆောင်နည်းပညာ အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် vivo သည် ၎င်း၏နှစ်သက်ဖွယ်ကောင်းသော V series မှ အသစ်ထွက်လာမည့် စမတ်ဖုန်းမိတ်ဆက်မည့် ရက်ကို တရားဝင်ကြေငြာလိုက်ပြီဖြစ်သည်။ V27 5G စီးရီး၏ ကြီးမားသော အောင်မြင်မှုကို တည်ဆောက်ရင်းဖြင့် vivo သည် စောင့်မျှော်နေသော vivo V29 5G စီးရီးကို မိတ်ဆက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အဆိုပါ စမတ်ဖုန်းနောက်ဆုံးထွက်ရှိမှုနှင့်အတူ vivo သည် ၎င်း၏ V စီးရီးများ ပိုမိုအားကောင်းစေရန် ရည်ရွယ်သည်။ vivo သည် စွဲမက်ဖွယ်ရာ ဒီဇိုင်းများဆန်းသစ်တီထွင်လေ့ရှိသည့် အစဉ်အလာရှိသည့်အတိုင်း ခမ်းနားထည်ဝါသော ဒီဇိုင်းနှင့် stellar ကင်မရာတပ်ဆင်မှုအား တွဲဖက်ကာ ထုတ်ဖော်ပြသရန် ရည်ရွယ်ပါသည်။

vivo V29 5G ကို မိတ်ဆက်ခြင်းသည် ၎င်း၏ Smart Aura Light Portrait လုပ်ဆောင်ချက်ကို သိသိသာသာ သိသိသာသာ မြှင့်တင်ပေးထားသည့်အတွက် Portrait ဓာတ်ပုံအရည်အသွေးကို မြှင့်တင်ပေးသည်။ အသုံးပြုသူများအား အလင်းရောင် တောက်ပသောနေ့အလင်းရောင် သို့မဟုတ် အလင်းရောင် မှိန်ပျပျ ပတ်ဝန်းကျင်တွင် မည်သည့်အနေအထားမဆို အရည်အသွေး မြင့်မားသော၊ မျက်မြင်နှင့်ထပ်တူ ကျသော ပုံတူများ ရိုက်ကူးနိုင်မည်ဖြစ်သည်။

ဤအရည်အသွေးသည် စတူဒီယိုတွင် ပရော်ဖက်ရှင်နယ် ရိုက်ကူးသကဲ့သို့ အရည်အသွေးရရှိနိုင်မည်။ Smart Color Temperature Adjustment ဖြင့် မြှင့်တင်ထားသော Smart Aura Light နည်းပညာဖြင့် အနောက်ကင်မရာအား အလင်းရောင်အားနည်းချိန်နှင့် ညအချိန်များတွင် တောက်ပမှု၊ ကြည်လင်ပြတ်သားမှုတို့နှင့်အတူ ပုံများကို ရိုက်ကူးနိုင်ရန်တပ်ဆင်ပေးထားသည်။ ထို့အပြင်၊ အသစ်မိတ်ဆက်ထားသော Astro Mode နှင့် Super Moon Mode တို့နှင့်အတူ V29 5G သည် လနှင့် နက္ခတ်တာရာ ဓာတ်ပုံများအားလည်း အံ့သြဖွယ်ကောင်းလောက်အောင် ရိုက်ကူးနိုင်တော့မည် ဖြစ်သည်။

V29 5G စမတ်ဖုန်းတွင် ပရီမီယံ 120 Hz 3D Curved Screen ပါရှိပြီး သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အမြင်အာရုံနှင့် အလှအပပိုင်းတွင် ဆန်းသစ်သည့် အတွေ့အကြုံကို ဖန်တီးပေးပါသည်။ ဤဆန်းသစ်တီထွင်မှုသည် V29 ၏အသွင်အပြင်ကို ခေတ်မီစေရုံသာမက ကွေးညွှတ်သောပုံစံရှိသည့် မျက်နှာပြင်များကိုပါ ဖန်တီးပေးပါသည်။ စမတ်ဖုန်းဒီဇိုင်းကို ပြန်လည်သတ်မှတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော V29 5G သည် ဈေးကွက်အတွင်းတွင် စံနှုန်းတစ်ခုအဖြစ် ထွက်ပေါ် လာပြီဖြစ်သည်။

မိတ်ဆက်ပွဲနှင့်ပတ်သက်ပြီး vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni က “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ ကင်မရာ၊ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်မြင့်မားတဲ့ ပေါင်းစပ်မှုတွေနဲ့ vivo ရဲ့ V စီးရီးကို တစိုက်မတ်မတ် လက်ခံခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ Smart Aura Light Portrait ရဲ့ အားသာချက်နဲ့ ထွက်ရှိလာမယ့် V29 5G စီးရီးတွင် အခြားသော ဆန်းသစ်တီထွင်မှုများနှင့်အတူ ပေးရတဲ့ဈေးနှုန်းနဲ့တန်တဲ့ နှုန်းထားအတွင်းမှာပဲ ကျွန်တော်တို့ရဲ့ကတိကဝတ်အတိုင်း မိတ်ဆက်ပေးသွားမှ ာဖြစ်ပါတယ်။”

V29 5G တွင် နောက်ဆုံးပေါ် 80W Flash Charge နှင့် 4600 mAh Battery ပါဝင်ပြီး ဘက်ထရီ 1% မှ 50% အားသွင်းရန် အချိန် 18 မိနစ်သာကြာမြင့်မည်ဖြစ်သည့်အတွက် လုံခြုံလျင်မြန်စွာ အားသွင်းနိုင်သည်။ ဤကဲ့သို့ စွမ်းဆောင်ရည်ထက်မြက်သော အားသွင်းနိုင်မှုနှင့်အတူ V29 5G သည် အသုံးပြုသူများအတွက် ယုံကြည် စိတ်ချရပြီး သက်တောင့်သက်သာဖြစ်သော အသုံးပြုမှုကိုပေးဆောင်နိုင်မည်ဖြစ်ပါသည်။

V Series တွင် အထင်ကရအဖြစ် ရပ်တည်ထားသည့် vivo V29 5G သည် လှပသော ဒီဇိုင်း၊ ထူးခြားသောစွမ်းဆောင်ရည်နှင့် ခေတ်မီသော ကင်မရာစွမ်းရည်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ အရည်အသွေးမြင့်စွာ ဖန်တီးထားသည့် V29 5G သည် သုံးစွဲသူအတွေ့အကြုံများနှင့် လူနေမှုပုံစံများကို မြှင့်တင်ကာ လုပ်ငန်းဆိုင်ရာစံနှုန်းအသစ်များကို မြှင့်တင်သတ်မှတ်ပေးမည်ဖြစ်သည်။
စိတ်လှုပ်ရှားဖွယ်ရာဖန်တီးမှုများနှင့်အတူ စောင့်မျှော်လင့်နေကြသည့် V29 5G ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချရန်စီစဉ်ထားသောကြောင့် vivo သည် ဈေးကွက်အခင်းအကျင်းကို တစ်ဖန်ပြန်လည် ဦးဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top