တောင်ကိုရီးယားရောက် မြန်မာ (၇,၈၀၀) ကျော် ကြိုတင်ဆန္ဒမဲပေးခဲ့

13-10-2020-yyl-008-1.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၃)

တောင်ကိုရီးယားရောက် မြန်မာများအနေနဲ့ မဲရုံဖွင့်လှစ်ခဲ့တဲ့ (၁၁) ရက်အတွင်း ကြိုတင်ဆန္ဒမဲပေးခဲ့သူ လူဦးရေ (၇,၈၀၀) ကျော် ရှိခဲ့တယ်လို့ ဆိုးလ်မြို့ ရှိမြန်မာသံရုံးမှ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ မြန်မာသံရုံးအနေနဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် အတွက် မဲရုံကို အောက်တိုဘာ (၂) ရက်နေ့မှ (၁၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ မြန်မာနိုင်ငံသားလူဦးရေ စုစုပေါင်း (၇၈၀၆) ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန္ဒမဲပေးရန်ခွင့်ပြုထားသူများရဲ့ (၇၉.၂) ရာခိုင်နှုန်းထိ ကြိုတင်ဆန္ဒမဲပေးခဲ့တာဖြစ်တယ်လို့ မြန်မာသံရုံးမှ သိရပါတယ်။ ကြိုတင်မဲပေးရန်ကျန်ရှိနေသူတွေအတွက် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ မြန်မာသံရုံး အနေနဲ့ အောက်တိုဘာ (၁၈) ရက်နေ့ မနက် (၉) နာရီမှ ညနေ (၆) နာရီ အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲရုံကို ထပ်မံဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာသံရုံးမှ အသိပေးကြေညာထားပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲပေးခွင့်ရှိသူ လူဦးရေ (၃၇) သန်းကျော်ရှိနေပါတယ်။

Photos- မြန်မာသံရုံး

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top