Fullerton College ကနေ ဘွဲ့(၄) ခုရရှိခဲ့တဲ့ အသက်ငယ်ဆုံးကျောင်းသားလေး

28-5-2020-yyl-011.jpg

အသက် (၁၃) နှစ်အရွယ် ဂျက် ရီကိုဆိုတဲ့ကောင်လေးဟာ နာမည်ကြီးကောလိပ်ကနေ ဘွဲ့ (၄) ခုရရှိခဲ့ပါတယ်။ အခုလိုရရှိခဲ့တဲ့အတွက် ၁၉၁၃ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ Fullerton College သမိုင်းမှာ အငယ်ဆုံးဘွဲ့ရကျောင်းသားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အသက်(၄) နှစ်ပြည့်မွေးနေ့အတွက် အိမ်ဖြူတော်ကို သွားလည်မယ်လို့ တောင်းဆိုခဲ့ကတည်းက ပညာရေးမှာတိုးတတ်မှုရှိခဲ့တာဆိုတာကို နားလည်ခဲ့တယ်လို့ ဂျက်ရဲ့မိခင်က ပြောပါတယ်။ “ဒါက အရမ်းကြီးကျယ်ခမ်းနားတဲ့ခရီးပဲ။ သားသွားချင်ရင် သမ္မတတွေအားလုံးကို လေ့လာရတော့မယ်။ ကျွန်မက သူကို စနောက်ခဲ့တာ။ သူက အမေကို ဝန်ခံစရာရှိတယ်။ ကျွန်တော် သမ္မတတွေအားလုံးကို သိပြီးသား။ ဒါကြောင့် ဒုသမ္မတတွေအကြောင်း လေ့လာခဲ့တယ်” လို့ ဂျက်ရဲ့မိခင်က ဆိုပါတယ်။

ဂျက် တတိယတန်းရောက်တော့ သူ့ကို အိမ်မှာပဲ ပညာသင်ကြားစေခဲ့ပါတယ်။ အသက် (၁၁) နှစ်အရွယ်မှာ စာတော်တဲ့အတွက် သူ့မိခင် သင်ပေးလို့ရတာတွေမရှိတော့ပါဘူး။ Placement Test ဖြေလို့ အောင်ရင် Fullerton College ရဲ့ပရိုဂရမ်အကြောင်း ကြားသိခဲ့ရတာကြောင့် ဂျက်ကို စာမေးပွဲဖြေခိုင်းခဲ့ပြီး အတန်းတက်ခွင့်ရခဲ့ပါတယ်။ အစကတော့ သူ့သား ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိလာဖို့အတွက်သူနဲ့အတူ စာသင်ခန်းထဲမှာ ထိုင်ပေးခဲ့ပါတယ်။ ဂျက်က Fullerton မှာ Unit (၆၁)ခုကို အောင်အောင်မြင်မြင်နဲ့ပြီးစီးခဲ့ပြီး ဘာသာရပ် (၃) ခုနဲ့ ဘွဲ့ (၃)ခုရရှိခဲ့ပါတယ်။

ဂျက်က စာမလေ့လာတဲ့အခါမျိုးမှာ သူ့ဝမ်းကွဲမောင်နှမတွေနဲ့ ဗီဒီယိုဂိမ်းတွေကစားတာ၊ ခရီးထွက်တာ၊သမိုင်းကြောင်းလေ့လာတာတွေလုပ်ဖြစ်ပါတယ်။ Fullerton ကောလိပ်ဥက္ကဌက ဂျက်ဟာ ကျောင်းမှာ ပညာအလကားသင်ယူခွင့်ရနိုင်မှာဖြစ်ပြီး ကျောင်းသူကျောင်းသား (၂၁,၀၀၀) ထဲမှာ အငယ်ဆုံးလည်းဖြစ်တဲ့အတွက် သူဟာအတော်လေးလူသိများတယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ်ကစပြီး ဂျက်က University of Nevada မှာ သမိုင်းဘာသာရပ်ကို စတင်လေ့လာရတော့မှာဖြစ်ပါတယ်။ သူက တစ်ပတ်ကို (၁) ကြိမ် (၄) နာရီသင်ယူရမှာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဂျက်ဖြစ်ချင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကိုမသိသေးဘူးလို့ သိရပါတယ်။ ကျောင်းသား/သူတွေကို ဂျက် အကြံပေးထားတာကတော့ စီမံခန့်ခွဲနိုင်မှုစွမ်းရည်ကို အချိန်မီလုပ်နိုင်ဖို့နဲ့ ဆရာ၊ဆရာမတွေရဲ့ညွှန်ကြားချက်တွေကို သေချာလိုက်နာဖို့ပါပဲ။ Fullertonရဲ့ ၁၀၅ ကြိမ်မြောက်ဆုပေးပွဲအခမ်းအနားကို COVID-19 ကြောင့် ရွေ့ဆိုင်းထားရပါတယ်။ ဒါပေမဲ့ ဂျက်ရဲ့မိဘတွေက အခမ်းအနားအသေးစားလေးပြုလုပ်ပေးဖို့ စီစဉ်ထားပါတယ်။

Ref: 13-year-old earns 4 associate degrees and is youngest to graduate from Fullerton College

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top