တိုက်တိုက်ဆိုင်ဆိုင် တစ်ချိန်တည်း မီးဖွားကြမယ့် သူနာပြုဆရာမ (၉) ဦး

n1.jpg

မကြာခင်မှာ အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်က အကြီးဆုံးဆေးရုံရဲ့ သားဖွားနဲ့မီးယပ်ဌာနက သူနာပြုဆရာမ (၉) ဦးဟာဆိုရင် လာမယ့် လပိုင်းအတွင်းမှာ မီးဖွားကြပါတော့မယ်။ မိန်းပြည်နယ် ပေါ့လန်း (Portland) မြို့က မိန်းဆေးကုသမှုစင်တာ ရဲ့Facebook ပေ့ချ်ကနေ သူနာပြုဆရာမ (၉) ဦးရဲ့ဗိုက်စူစူလေးတွေကိုယ်စီနဲ့ဓာတ်ပုံပိုစ့်တင်ထားပါတယ်။

ကလေးတွေကို ဧပြီ နဲ့ ဇူလိုင် ကြားကာလထဲမှာ မွေးဖွားဖြစ်မယ်လို့လည်း ရေးသားထားပါတယ်။ အဲဒီပိုစ့်ထဲက ပုံတွေမှာ မကြာခင် မေမေတွေ ဖြစ်လာမယ့် သူနာပြုလေးတွေက ဆေးရုံရဲ့ သူနာပြုဝတ်စုံ စိမ်းစိမ်းလေးတွေ ကိုယ်စီဝတ်ထားပြီး မွေးဖွားမယ့်နေ့ (Duedate) ကဒ်ပြားလေးတွေ ကိုင်ဆောင်ထားပါတယ်။ ပန်းရောင် အပြာရောင် ကဒ်လေးတွေပါသလို အဝါရောင် နှစ်ကဒ်နဲ့ အစိမ်းရောင် တစ်ကဒ် ပါပါတယ်။ သူနာပြုလေးတွေက ကိုယ်ဝန်ဆောင်တဲ့ အချိန်ကစပြီး အချင်းချင်း အားပေးနေကြသလို တစ်ယောက်စီ မီးဖွားတဲ့အချိန်မှာလည်း ကူညီသွားကြမယ်လို့ WMTW-TVကို ပြောကြားထားပါတယ်။

“ကျွန်မတို့ တစ်ယောက်ပြီးတစ်ယောက် ကိုယ်ဝန်ရှိပြီလို့ ပြောလိုက်တိုင်း ပျော်ရွှင်ရပါတယ်”လို့ အယ်ရင် ဂရီနီးယား(Erin Grenier)ဆိုတဲ့သူနာပြုက ပြောပါတယ်။ “ကျွန်မတို့ကိုယ်တိုင်လည်း နေမကောင်းဖြစ်လို့ လူမမာဖြစ်တဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် ကိုယ့်လုပ်ဖော်ကိုင်ဖက် အချင်းချင်း သူနာပြုအနေနဲ့ပဲ ဖြစ်ဖြစ် လူနာစောင့်အနေနဲ့ပဲ ဖြစ်ဖြစ် အဖော်နေပေးမှာတို့၊ စကားလာပြောပေးနေမယ်တို့ သိရတော့ အရမ်းအားရှိပါတယ်”လို့ သူ(မ)က ဆက်ပြောထားပါတယ်။ မကြာမှီ မေမေတွေ ဖြစ်လာတော့မည့် အမျိုးသမီးများတွေက အလုပ်မှာ အထောက်အပံ့ရရှိခြင်းကို အလွန်ပင်ဝမ်းမြောက်လျှက်ရှိကြောင်း ပြောကြားခဲ့သည်။

သူနာပြုတစ်ဦးဖြစ်တဲ့ အမန်ဒါစပီးယား(Amanda Spears) ကတော့ အလုပ်မှာ ကိုယ်ဝန်ဆောင်မိခင် အချင်းချင်း ဖြတ်ကျော်ရတဲ့ အတွေ့အကြုံများကို ဝေမျှနေခြင်းက ကြည်နူးစရာကောင်းကြောင်း ပြောကြားထားပါတယ်။ အထူးသူနာပြုလက်မှတ်ကိုင်ဆောင်ထားတဲ့ နီကိုးလ်း ဂိုဘတ်ခ်ျ (Nicole Goldberg) ကတော့ “စိတ်တူညီမှုရှိတဲ့ လူတွေကြားထဲမှာ နေထိုင်အလုပ်လုပ်ရတာက စိတ်သက်သာရာရစေပါတယ်”လို့လည်း WGME ကိုပြောကြားခဲ့ပါတယ်။

တစ်ဖန် သူနာပြုနောက်တစ်ဦး လွန်နီ ဆူဇီ (Lonnie Soucie ) ကလည်း ဒီလို ကိုယ်ဝန်ဆောင်သူနာပြုမိခင် တွေရဲ့ ပုံကို လူမှုကွန်ယက်ပေါ်တင်လိုက်ခြင်းကလည်း လူအများရဲ့ စိတ်ဝင်စားမှု ရရှိလိုက်ရကြောင်းကို သိရလို့ ပျော်ပါတယ်လို့ ပြောကြားထားပါတယ်။ ရေချယ် စတယ်မတ်ခ်ျ (Rachel Stellmach) ဆိုတဲ့ သူနာပြုဟာဆိုရင်တော့ သူ(မ)ရဲ့ စတုတ္ထမြောက်ကလေးကို မွေးဖွားဖို့အချိန်နီးနေပါပြီ။ သူမဟာ အတွေ့အကြုံရင့်တာဖြစ်တဲ့အတွက် အခြား သူနာပြုမိခင်တွေနဲ့ အမေးအဖြေများ အခက်အခဲများကို ဖြေကြားခြင်းက သူ (မ)အတွက်တော့ မခက်ခဲတော့ကြောင်းပြောကြားထားပါတယ်။

သူနာပြုလက်မှတ်ကိုင်ဆောင်ထားတဲ့ ကိုယ်ဝန်ဆောင်မိခင် ဟောလီ ဆယ်ဘိုင်Holly Selby ကတော့ သူတို့ရင်သွေးလေးတွေ အတူတူကြီးပြင်းလာကြမှာကို စောင့်မျှော်နေပါတယ်။ကလေးတွေအချင်းချင်းလည်း သူငယ်ချင်းဖြစ်လာပြီး မိခင်တွေကလည်းအတူတကွ ခံစားလာခဲ့ရတဲ့အတွေ့အကြုံတွေကို မျှဝေဖို့လည်း သူ(မ)ဟာရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။

ဆေးရုံကပြောကြားချက်ကတော့ အထက်ပါဖော်ပြထားတဲ့ သူနာပြုတော်တော်များများဟာ သူနာပြုလက်မှတ်ကိုင်ဆောင်ထားတဲ့ တရားဝင်သူနာပြုများဖြစ်ကြသလို သူတို့တွေခွင့်ယူချိန်မှာ အလုပ်အချိန်လစ်ဟင်းမှုမရှိအောင်စီစဉ်ထားပြီးပြီလို့လည်းသိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဖေးဖေးမမနဲ့ကြင်ကြင်နာနာရှိကြတဲ့ပုံမြင်ရတာတော့ မြင်သူတကာအတွက် စိတ်ကြည်နူးစရာပါပဲ။

Ref: “Baby boom! NINE nurses at a Maine hospital labor unit are about give birth within weeks of one another”
Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top