အခက်အခဲဖြစ်နေတဲ့ကလေးတွေကို စောင်တွေထောက်ပံ့ပေးတဲ့ ၁၃နှစ်သားလေးရဲ့ပရဟိတ

2-12-2020-yyl-015.jpg

ဂျော်ဂျီယာပြည်နယ်က အသက် ၁၃ နှစ်အရွယ်ကောင်လေးဟာ နှစ်စဉ်ပေးကပ်လှူဒါန်းလေ့ရှိပါတယ်။ ကပ်ရောဂါအတွင်းမှာလည်း အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ စီ ဂျေ မက်သရူး (C.J. Matthews) ဆိုတဲ့ အဲဒီကောင်လေးက ဒီဇင်ဘာလတိုင်း Giving Bowl ဘောလုံးဂိမ်းမှာ အစီအစဉ်တင်ဆက်ပေးလေ့ရှိတဲ့အပြင် ပရဟိတအတွက် “Blankies 4 My Buddies” ဆိုတဲ့ ရန်ပုံငွေရှာတဲ့အဖွဲ့အစည်းကိုလည်း စတင်တည်ထောင်ခဲ့တာပါ။ “Blankies 4 My Buddies” က ရုန်းကန်နေရတဲ့ ကလေးတွေကို စောင်တွေ ပေးကမ်းတာဖြစ်ပါတယ်။

စီ ဂျေကို တစ်စုံတစ်ယောက်ကို စောင်ပေးရတဲ့ ထူးခြားချက်ကဘာလဲလို့ မေးတဲ့အခါ “စောင်ဖြစ်နေလို့ပါပဲ။ စောင်က နွေးထွေးမှုပေးတယ်။ သက်တောင့်သက်သာဖြစ်စေတယ်” လို့ ဆိုပါတယ်။ COVID-19 က အခုနှစ်ရဲ့ Giving Bowl ပြိုင်ပွဲကို ဖျက်သိမ်းစေခဲ့ပါတယ်။ “ကမ္ဘာပေါ်မှာ လမ်းပေါ်မှာနေရတဲ့၊ မိဘမဲ့ဂေဟာမှာနေရတဲ့၊ အစားအစာကို လုံလုံလောက်လောက်မစားရတဲ့၊ အထီးကျန်နေတဲ့ ကလေးတော်တော်များများရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်” လို့ စီ ဂျေက ပြောပါတယ်။

စီ ဂျေရဲ့ “Blankies 4 My Buddies”အဖွဲ့အစည်းကို ငွေသားချည်းလှူဒါန်းရင်လည်း စောင် (၁၀၀၀) နီးပါး ပေးကမ်းလှူဒါန်းလို့ရပါတယ်။ “သားက ကြင်နာပြီးရက်ရောတဲ့နှလုံးသားလေးပိုင်ဆိုင်ထားပါတယ်။ အမြဲတမ်းပါပဲ။ သူ ဒီအလှူကို စိတ်အားထက်သန်စွာ၊ လိုလိုလားလားနဲ့ ပြုလုပ်တာပါ” လို့ စီ ဂျေရဲ့မိခင်က ပြောပါတယ်။

စီဂျေက ကလေးတွေကို စောင်တွေ လှူဒါန်းတဲ့အခါမှာ ကပ်ရောဂါဖြစ်နေတဲ့အခုနှစ်မှာတောင် ကြင်နာတရားတွေကို ရုပ်သိမ်းမသွားစေခဲ့ဘူးဆိုတာကို ကလေးတွေနားလည်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ “ဒီလိုလှူဒါန်းရတာက ကျွန်တော်အတွက် တကယ်ကောင်းပါတယ်။ ဘဝမှာ ပျော်ရွှင်မှုတွေ ရရှိဖို့ အခြားသူတွေကို ကူညီပေးနေတဲ့အတွက်ကြောင့်ပါ”လို့ စီ ဂျေက ပြောပါတယ်။ အားပေးနှစ်သိမ့်မှုနဲ့ ကြင်နာတရားတွေက ဘယ်အချိန်မဆို၊ ဘယ်နေရာမှာမဆို လုပ်နိုင်တဲ့အရာဆိုတာကို အခြားကလေးတွေ သိစေဖို့လည်း စီဂျေ မျှော်လင့်နေပါတယ်။

အခုနှစ်ဆောင်းရာသီမှာ ကလေး (၁၀၀၀) ကို စီဂျေ အားပေးနှစ်သိမ့်နိုင်ဖို့အတွက်လည်း GoFundMe အကောင့်ကိုလည်း အခြားသူတွေက ကူညီတည်ထောင်ပေးနေပါတယ်။

Ref: CBSNews “13-year-old’s charity provides blankets to kids in need”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top