မြေအိုးထဲထည့်ပြီး အရှင်လတ်လတ်မြှုပ်ခံရတဲ့ ကလေး ထူထူထောင်ထောင် ဖြစ်လာ

yyl-004-3.jpg

လမစေ့ဘဲ မွေးဖွားလာပြီး အရှင်လတ်လတ် မြေအိုးထဲထည့်မြှုပ်ခံရတဲ့ ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်လာပြီလို့ ဆရာဝန်က ပြောပါတယ်။ ဒီကလေးငယ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလလယ်က တွေ့ရှိခဲ့တာပါ။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ရွာသားတစ်ယောက်ဟာ အသေမွေးဖွားလာတဲ့ သမီးငယ်ကို မြှုပ်ဖို့ မြေတွင်းတူးနေတုန်း အနက် ၃ ပေလောက်မှာ မြေအိုးတစ်လုံးကို ပေါက်တူးနဲ့ ပေါက်မိခဲ့ပါတယ်။

အဲဒီအချိန်မှာ ကလေးငိုသံကြားရလို့ မြေအိုးကို ဆွဲထုတ်ကြည့်ချိန်မှာ မွေးကင်းစကလေးငယ်တစ်ယောက် တွေ့ခဲ့တာပါ။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ မိန်းကလေးငယ်ကို ဒေသန္တရဆေးရုံ ပို့ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ သွေးဆိပ်တက်တာ၊ သွေးနီဥ အရမ်းနည်းတာ စတဲ့ အခြေအနေတွေ ရင်ဆိုင်ခဲ့ရပြီး ခန္ဓာကိုယ်အလေးချိန် ၂ ဒသမ ၄ ပေါင်ပဲ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၃၀ အကြာမှာ မွေးဖွားခဲ့ဖွယ်ရှိတဲ့ ဒီကလေးငယ်ကို နောက်ပိုင်းမှာ ပစ္စည်းကိရိယာ ပိုစုံတဲ့ ဒေါက်တာခန်နာရဲ့ ကလေးဆေးရုံထံ လွှဲပေးခဲ့ပါတယ်။

အခုအချိန်မှာတော့ ကလေးငယ်က ခန္ဓာကိုယ်အလေးချိန် ၅.၆၆ ပေါင် ရှိနေပြီး ကျန်းကျန်းမာမာ ဖြစ်နေပါပြီ။ နို့ဘူး ကောင်းကောင်းစို့သလို သွေးအတွင်း သကြားဓာတ်ပမာဏကလည်း ပုံမှန်ဖြစ်နေပါပြီ။ မိန်းကလေးငယ်ကို တွေ့ရှိခဲ့ချိန်ကစပြီး သူတို့ရဲ့မိဘတွေကို လိုက်လံရှာဖွေခဲ့ပေမဲ့ အခုအချိန်မှာ မိဘတွေကို မတွေ့ရသေးပါဘူး။ သတ်မှတ်ထားတဲ့ စောင့်ဆိုင်းကာလ ကုန်ဆုံးရင်တော့ သူ့ကို မွေးစားချင်တဲ့သူထံ ပေးအပ်မှာပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top