ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့သူ

29-12-2022-yyl-127.jpg

ဒေးဗစ် ရူးမိတ်ကာဆိုတဲ့အမျိုးသားဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က Central Michigan University မှာ Entrepreneurial Ventures မဟာဘွဲ့ကို ရယူခဲ့ပါတယ်။ အဲဒီနေ့ ဘွဲ့နှင်းသဘင်ကျင်းပနေစဥ်အတွင်း သူဟာ သူ့ချစ်သူကောင်မလေး ရာရမ် ဆွမ်ကိုလည်း လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ကောင်မလေးကလည်း ဒေးဗစ်ကို “လက်ထပ်မယ်”လို့ ပြန်ဖြေ​ပေးခဲ့ပါတယ်။ ဒေးဗစ်တို့စုံတွဲက ချစ်သူသက်တမ်း ၃ နှစ်ရှိပါပြီ။

“ကောင်မလေး ရက်စ်လို့ ဖြေမယ်လို့ ကျွန်တော် ထင်ထားပြီးသားပါ”လို့ CMU ရဲ့ ဥက္ကဌ ဘော့ဘ် ဒါဗီကလည်း ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်လာသူတွေရှေ့မှာ ပြောခဲ့ပါတယ်။ ဘွဲ့နှင်းသဘင်အတွင်း ဒေးဗစ် စင်ပေါ်မှာ ရပ်နေစဥ် သူ့မိသားစုနဲ့ သူ့ကောင်မလေး ဆွမ်က သူ့ကို ဂုဏ်ပြုဖို့ စင်ပေါ်လာတဲ့အချိန်မှာ ဒေးဗစ်က ဆွမ်ရဲ့လက်ကို ဆွဲလိုက်ပြီး ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ဆွမ်က အခုလိုမျိုးလက်ထပ်ခွင့်တောင်းခံရဖို့ မမျှော်လင့်ထားခဲ့ဘူးလို့ ဆိုပါတယ်။

ဒေးဗစ်နဲ့ ဆွမ်တို့ဟာ Central Michigan University မှာ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီးဆုံတွေ့ခဲ့ကြတာပါ။ ကောလိပ်တတ်နေတဲ့တစ်လျှောက်လုံးတွဲခဲ့ကြပြီး သူတို့၂ ဦးလုံး ဘွဲ့ရရှိခဲ့ကြပါတယ်။ ဒေးဗစ်က Entrepreneurship ဘွဲ့ကို ရရှိခဲ့ပြီး ဆွမ်ကတော့ Psychology and Sociology ဘွဲ့ကို ရရှိခဲ့တာပါ။ အခု ဒေးဗစ်က ထပ်ပြီး ဘွဲ့ရရှိခဲ့တာပါ။ ဆွမ်ကလည်း မဟာဘွဲ့ရတော့မှာပါ။

ဒေးဗစ်က ဘွဲ့နှင်းသဘင်မှာ ဆွမ်ကို လက်ထပ်ခွင့်တောင်းဖို့ စီစဥ်ခဲ့တာကြာပါပြီ။ ဥက္ကဌ ဒါဗီစ်နဲ့ CMU ဝန်ထမ်းတွေအားလုံးရဲ့အကူအညီမပါဘဲနဲ့ လက်ထပ်ခွင့်တောင်းတာကို လုပ်နိုင်မှာမဟုတ်ဘူး။ စက်တင်ဘာလကတည်းက ဒါကို လုပ်ဖို့ စီစဥ်နေခဲ့တာလို့ ​ဒေးဗစ်က ဆိုပါတယ်။ ဒေးဗစ်နဲ့ ဆွမ်တို့က သူတို့ရဲ့မင်္ဂလာပွဲအတွက် စီစဥ်နေပြီး ၂၀၂၄ ခုနှစ် နွေရာသီမှာ လက်ထပ်ဖို့ မျှော်လင့်ရပါတယ်။

Ref: Student proposes to his college sweetheart at graduation ceremony

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top