ဘ၀တိုးတက်ရေး အတွက်လိုအပ်မယ့် အချက် ၁၄ ချက်

meeting-with-the-best-friends.jpg

လူတွေအနေနဲ့ သူများ ကို အပြစ်မြင်တတ်ဖို့လွယ်တယ်…မိမိကိုယ့်ကို အပြစ်မြင်ဖို့တော့ ခဲခက်တတ်ကြတယ်…ဘာကြောင့်လဲဆိုတော့ မိမိလုပ်တာမှန်နေတာပဲ ဆိုပြီးတော့ မြင်လိုက်တယ်…ဘေးကလူပြောမှ သတိထားမိတယ်…။ ဆိုတော့ ကျွန်တော်မျှေ၀ပေးမယ့် ၁၄ ချက်ကိုကြည့်ကြရအောင်…။

၁။ မိမိကိုယ်ကိုသိပါ။

ဆိုလိုသည်မှာ မိမိရဲ့အကြိုက် မကြိုက်အရာတွေထက်၊ မိမိရဲ့ စိတ်ခံစားမှု၊ မိမိရဲ့အားနည်းချက်၊ အားသာချက်တွေကို နက်ရှိုင်းစွာ ကြည့်တတ်ဖို့လိုတယ်။ ဒါမှ မိမိကိုယ်ကိုမွန်းမံ ပြင်ဆင်နေထိုင်တတ်လာမယ်။ အမြဲတမ်းမိမိကို မိမိ သုံးသပ်နေရမယ်။

၂။ ခွန်အားဖြစ်စေမယ့် လူတွေနဲ့သာ ၀န်းရံနေထိုင်ပါ။

စိတ်ကောင်း စေတနာကောင်းတဲ့ လူတွေနဲ့ ဘ၀မှာ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးပါတယ်။ သူတို့ကြောင့် မိမိဘ၀တိုးတက်နိုင်သလို အကြံကောင်းများ ရရှိနိုင်လို့ပါ။ ဒါကြောင့် အကောင်းမြင်၀ါဒရှိသူတွေနဲ့ မိမိရဲ့ ဘ၀ကို ကာရံပါ။

၃။ အဆိပ်အတောက်ရှိသူတွေနဲ့ ဝေးဝေးရှောင်ပါ

တံငါးနားနီးတံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလိုပဲ၊ မိမိ ရဲ့ဘ၀ကို မိမိဘယ်သူတွေနဲ့ နေထိုင်ပေါင်းသင်းတာလဲ ဆိုတာက မိမိဘ၀မှာ အရေးကြီးပါတယ်။ အဆိပ်အတောက် ဖြစ်စေမယ့်မိတ်ဆွေ၊ သူငယ်ချင်း၊ လူတွေကို ရှောင်ပါ။ မိမိရင်းနှီးတဲ့သူတွေ ဖြစ်နေပါစေ၊ ယခင်က အလုပ်ရှင်ပဲဖြစ်ပါစေ၊ အကူအညီပေးခဲ့ဖူးတာပဲဖြစ်နေပါစေ၊ ထိုသူတွေက မိမိကို အပြုသဘော မဆောင်ပဲ မကောင်းတဲ့ အမြင်တွေကိုပေးနေတဲ့ လူတွေနဲ့ ဝေးနိုင်သမျှ ရှောင်းရှားပါ။

၄။ ကောင်းတဲ့ အရာ (၃) ခုကို နေ့စဥ် မှတ်သားပါ။

မိမိတို့ရဲ့ တစ်နေ့တာမှာ အလုပ်နဲ့ ၀န်ပိနေတတ်လို့ မိမိအနေနဲ့ ကောင်းမွန်တဲ့ အရာတွေကို ထိတွေ့နေရပေမယ့် တကယ်တမ်း ကိုယ်တိုင်ကိုယ်ကျ မှတ်သားဖို့ ပျက်ကွက်လေ့ရှိတယ်။ ဒါကြောင့် ရရှိလာတဲ့ အရာတွေကို ကျေးဇူးတင်ပါ။ တန်ဖိုးထားပါ။ တစ်နေ့တာမှာ ဖြစ်ခဲ့တဲ့ အထဲ ကောင်းတဲ့ အရာ ၃ ခုကို နေ့စဥ် မှတ်သားပါ။

၅။ လူမှုကွန်ယက်က ထိတွေ့နေတဲ့ အရာတွေကို တစ်ထစ်ချမယုံကြည့်ဖို့နဲ့။ နောက်ပြီး ထိုအရာတွေနဲ့ မိမိကိုယ်ကို မနှိုင်းယှဥ်မိပါစေနဲ့။

လူမှုကွန်ယက်မှာ တွေ့နေတဲ့အရာတိုင်း ကိုမယုံမိစေပါနဲ့ ။ ဥပမာ ဖေ့ဘွတ်မှာ တင်နေတဲ့ ပိုစ့်တွေဟာ အပြင်ပန်းသာ လှပနေပြီး မိမိအနေနဲ့ လူတွေရဲ့ အနောက်ကဖြစ်ပျက်နေတဲ့ အရာတွေကို မသိနိုင်လို့၊ ထိုပြုံးပျော်နေတဲ့ အခိုက်အတန့်တွေဟာ ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါကြောင့် ထိုအရာတွေကို ကြည့်ပြီးတော့လည်း မိမိကိုယ်ကို မနှိုင်းယှဥ်ဖို့ အရေးကြီးပါတယ်။

၆။ စာရေးပါ။

မိမိရဲ့ခံစားချက်တွေကို နှုတ်ဖြင့်သော်လည်းကောင်း စိတ်ဖြင့်သော်လည်းကောင်း ထုတ်ဖော်တတ်သလိုပဲ၊ ထိုခံစားချက်တွေကို စာဖြင့်ရေးသားပြီးတော့လည်း ဖွင့်ချလို့ရပါတယ်။ မိမိရဲ့ စိတ်ကူးကောင်း၊ အကြံအဥာဏ်ကောင်းများကို စုစည်းပြီး ဘလော့ဂ် လိုရှိထားရင်ပိုကောင်းပါတယ်။ ဒါမှတစ်ချိန်ပြန်ပြီး ထိုအရာတွေကိုပြန်လည်ခံစား ကြည်နူးမိနိုင်မှာဖြစ်တယ်။

၇။ မိတ်ဆွေအသစ်ဖွဲ့ပါ။

လူတိုင်းမိတ်ဆွေအသစ်ရဖို့ မလွယ်သလို ရှာဖို့လည်းမလွယ်ပါဘူး။ ဒါကြောင့် မိမိရောက်ရာနေရာမှာ မိတ်ဆွေဖွဲ့တတ်ဖို့လိုပါတယ်။ သတိတော့ထားပါ။ လူလိမ်လူညာတွေနဲ့ တော့ မဖွဲ့မိပါစေနဲ့။ အလွယ်ဆုံး အကြံပေးရရင်၊ မိမိရဲ့ သူငယ်ချင်း ရဲ့ မိတ်ဆွေအသိတွေနဲ့ စပြီးတော့ မိတ်ဖွဲ့ပါ။ မိတ်ဆွေသစ်ရလာခြင်းဖြင့် အကြံသစ်၊ အကူညီသစ်များရရှိလာမှာဖြစ်တယ်။

၈။ မလိုအပ်တဲ့ ပစ္စည်းတွေကို မိမိနဲ့ မထားပါနဲ့။

အိမ်မှာ ပစ္စည်းအပိုအလျှံတွေ ရှိကြလိမ့်မယ်။ တစ်ချို့က အသုံးမလိုလဲ ထားတတ်လေ့ရှိတယ်။ ဒါကြောင့် ရှုပ်ပွပြီး အဲ့ဒါတွေက စိတ်အနှောက်အယှက်တွေကို ပေးမိနေတယ် ။ ဒါကြောင့် စွန့်ပစ်၊ လူဒါန်း၊ သို့ ဝေငှပေးနိုင်ပါတယ်။ မိမိနေထိုင်တဲ့ နေရာ ပတ်၀န်းကျင်ကို သန့်ရှင်းသေသပ်အောင်ထားရှိပါ။

၉။ ရုပ်ရှင် တီဗီတွေကို အချိန်ပြည့် မကြည့်ပါနဲ့။ ပိတ်ထားပါ။

လူတိုင်းအမြဲအားလပ်ချိန်တွေကို တီဗီ၊ရုပ်ရှင်တွေနဲ့ပဲ အချိန်ဖြုန်းတတ်လေ့ရှိတယ်။ တကယ်တော့ ဒီထက် အခြားအရာတွေကို အစားထိုးလုပ်ဆောင်သင့်တယ်။ ဒါမှမိမိလည်း စိတ်အားထက်သန်၊ တက်ကြွလာနိုင်တယ်။ အခြား အသစ်အဆန်းတွေကို စိတ်ကူးဖော်ပြီးလုပ်ဆောင်ကြည့်ပါ။

၁၀။ သဘာ၀တရားနဲ့ ထိတွေ့ပါ။

စိတ်ရှုပ်နေတာတွေကို ပျောက်သွားအောင်၊ လေကောင်းလေသန့်ရှုပါ။ ပန်းခြံ၊ ဥယျာဥ်၊ တောတောင်တွေကို ခရီးထွက်နိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းများဖြင့် လန်းဆန်းအောင်လုပ်ပြီး ဖြေဖြောက်ပါ။

၁၁။ စာဖတ်ပါ။

မိမိအနေနနဲ့ အပြင်ဗဟုသုတတွေကို တစ်ထိုင်တည်း မှာရရှိနိုင်တဲ့အခွင့်အရေးဖြစ်တယ်။ မိမိအနေနဲ့ စိတ်၀င်စားစရာ၊ ဘ၀တိုးတက်ရာ အားပေးစေမယ့် စာသားများကိုဖတ်ရှု့ပါ။ စာဖတ်ပျင်းတဲ့ လူတွေအတွက် စာသားတိုများ၊ ပုံပြင်တိုများကို စပြီး အစပျိုးဖတ်ရှု့ပါ။

၁၂။စိတ်လွတ်လပ်ပေါ့ပါးစွာနေထိုင်ပါ။

အမြဲတမ်း တည်တည်ကြည်ကြည်နဲ့ နေရတာ တစ်ခါတစ်လေစိတ်မွန်းကျပ်ပါတယ်။ ရယ်မောပါ၊ လွတ်လပ်စွာငိုမယ်၊ ပြုံးပျော်မယ်၊ ခံစားမယ်။ ဒါမှ မိမိစိတ်ကို သက်သာရာရစေနိုင်မယ်။

၁၃။ ၀ါသနာပါရာ အလေ့အထကို လုပ်ဆောင်ပါ။

မိမိအနေနဲ့ အချိန်အားပါက၊ မိမိကြိုက်နှစ်သက်တဲ့ အရာတွေနဲ့ အချိန်ကုန်စေပါ။ ဥပမာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ စာရေးတာ၊ ပုံဆွဲတာ၊ အားကစားလုပ်ဆောင်တာ၊ စတာတွေကို လုပ်ဆောင်ခြင်းဖြင့် ၀ါသနာတူတဲ့သူတွေနဲ့ ဆုံဆည်းပြီး မိတ်ဖွဲ့ပါ။

၁၄။ တစ်စုံတစ်ယောက်ကို ပျော်ရွှင်စေတဲ့ အခိုက်အတဲ့ပေးပါ။

သူစိမ်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်၊ အသိပဲဖြစ်ဖြစ် မိမိအနေနဲ့ သူတို့ကို ကြုံရင်ကြုံသလို
ကူညီဖေးမပါ။ ထိုသူတို့ကို အံ့အားသင့်စေမယ့် အခိုက်အတန့်များပေးဆောင်ပါ။ အနည်းဆုံးတော့ ပြုံးရယ်တာ၊ လက်ဆွဲနှုတ်ဆက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါတွေက ပျော်ရွှင်မှုတွေကို တိုက်ရိုက်ပေးလာနိုင်စေပါတယ်။

Ref: Personal Expriences

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top