ပန်းသီးတစ်လုံးရဲ့ အာဟာရဓာတ် အများဆုံး အစိတ်အပိုင်းကို သင်သိပါသလား

18-8-2020-yyl-011.jpg

စာဖတ်ပရိသတ်တွေရော ပန်းသီးစားရတာကြိုက်ကြတယ်မလား။ ပန်းသီးက ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာပါပဲ။ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေကြွယ်ဝတဲ့အတွက် မနက်ခင်းမှာ စားသုံးပေးလို့ရတဲ့အပြင် နေ့လည်စာ၊ ညစာ စားပြီးတဲ့အခါမှာလည်း သွားရည်စာအနေနဲ့ စားပေးလို့ရပါတယ်။ ပန်းသီးမှာ အာရဟာဓာတ်အများဆုံးရှိနေတဲ့ နေရာရှိပါတယ်။ အဲဒါက ဘာလဲဆိုတာ သင်သိပါသလား။ ပန်းသီးရဲ့အာဟာရဓာတ်အများဆုံးအစိတ်အပိုင်းက ကျွန်တော်တို့ ဖယ်ဖယ်ပစ်နေတဲ့ အရာဆိုတာ သင် သိသွားမယ်ဆိုရင် အံ့အားသင့်သွားပါလိမ့်မယ်။

အာဟာရဓာတ်အများဆုံးပါဝင်တဲ့ အစိတ်အပိုင်းက ပန်းသီးအခွံလို့ ကျွန်တော်တို့အားလုံး သိထားကြမှာပါ။ တကယ်တော့ ပန်းသီးအခွံက အာဟာရဓာတ်အများဆုံး မဟုတ်ပါဘူး။ ပန်းသီးရဲ့ အပြင်ဘက်အသားတွေကို ကုန်အောင်စားပြီးတဲ့နောက် အမှိုက်ပုံးထဲကို လွှတ်ပစ်တတ်ကြတဲ့ ပန်းသီးအူတိုင်ပါပဲ။ ပန်းသီးအူတိုင်ကို စားပေးတာက ပန်းသီးရဲ့အပြင်ပိုင်းအသားတွေကို စားတာထက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘတ်တီးရီးယားတွေကို (၁၀) ဆထောက်ပံ့ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

၂၀၁၉ခုနှစ်က Journal Frontiers in Microbiology မှာ ထုတ်ဝေခဲ့တဲ့ လေ့လာချက်အရ ပန်းသီးရဲ့အစေ့တွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘတ်တီးရီးယားတွေ ပါဝင်ပါတယ်။ ပန်းသီးတစ်လုံးလုံးမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘတ်တီးရီးယား သန်း (၁၀၀) ပါဝင်ပါတယ်။ အူတိုင်မပါရင် (၁၀) သန်းပါဝင်တယ်လို့ ဆိုပါတယ်။ ပန်းသီးမှာ တွေ့ရတဲ့ ဘတ်တီးရီးယားတွေက အတော်လေးကျန်းမာရေးနဲ့ညီညွှတ်ပြီး အရေးကြီးတဲ့ Gut Microbes တွေဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ gut microbes ကို စားပေးတာက သင့်ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် ရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးတယ်လို့ မှတ်ယူထားကြပါတယ်။ ပန်းသီးအစေ့ကလည်း ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်တွေ ပါဝင်တဲ့အပြင် အန်တီအောက်စီဒန့်နဲ့ ကင်ဆာကို တိုက်ထုတ်ပေးတဲ့ ဓာတ်တွေ ကြွယ်ဝပါတယ်။ သစ်သီးတွေရဲ့အစေ့ကို အဆိပ်သင့်စေနိုင်တယ်လို့ မှတ်ယူထားတဲ့ အမီဂဒလင် (Amygdalin) ဒြပ်ပေါင်းတစ်မျိုးပါဝင်တဲ့အတွက် ဖယ်ပစ်ကြပါတယ်။ ဒီဒြပ်ပေါင်းက အစာခြေစနစ်နဲ့ ထိတွေ့မိတဲ့အခါ အသက်သေစေနိုင်ဆုံး အဆိပ်အတောက်တွေက တစ်ခုဖြစ်တဲ့ ဆိုင်ယာနိုက် (Cyanide) ဒြပ်ပေါင်းကို ထုတ်လွှတ်ပေးပါတယ်။

ပန်းသီးအစေ့ကရော အဆိပ်အတောက်ဖြစ်လား

(၇၀) ကီလိုဂရမ် အမျိုးသားတစ်ယောက်က (၁-၂) ကီလိုဂရမ်လောက်ဆိုင်ယာနိုက် (Cyanide) ဒြပ်ပေါင်းကို စားသုံးမိရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပန်းသီးအစေ့မှာတွေ့ရတဲ့ အမီဂဒလင်ပမာဏက ဒီအရေအတွက်နဲ့ကိုက်ညီဖို့ အရမ်းနည်းလွန်းပါတယ်။ ပန်းသီးအလုံး (၂၀၀)ရဲ့အစေ့ကို စားမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ ဒီအဆိပ်အတောက်ပမာဏကို ထုတ်လွှတ်ဖို့အတွက် ဖြစ်နိုင်ပါတယ်။

ပန်းသီးအစေ့ကို စားသင့်လား

ပန်းသီးအစေ့နဲ့ပတ်သက်တဲ့ ဒီလေ့လာချက်က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဒီလေ့လာချက်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာသုံးသပ်ချက်တွေရှိပါတယ်။ တချို့လေ့လာချက်တွေမှာ ပန်းသီးအစေ့ကို စားသုံးတာက အန္တရာယ်မရှိဘူးလို့ ဆိုပေမယ့် တချို့ကတော့ အသီးမစားခင်မှာ အစေ့ကို ဖယ်ပစ်တာ အကောင်းဆုံးဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ပန်းသီးအစေ့ကို စားသုံးတာက ဘေးကင်းတယ်လို့ သေချာပေါက်ပြောနိုင်ဖို့အတွက် လေ့လာချက်အများကြီးလိုအပ်ဦးမယ်ထင်ပါတယ်။

Ref: Do you know the healthiest part of an apple?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top