သူ့သားတွေလို အထူးစောင့်ရှောက်မှု လိုအပ်နေသူ အားလုံးအတွက် မိခင်က လုပ်ငန်းတစ်ခု ထူထောင်ပေး

15.5.2023-yyl-12.jpg

အထူးစောင့်ရှောက်မှု လိုအပ်တဲ့ သူ့သားလေးတွေနဲ့ ကိုက်ညီမယ့် လုပ်ငန်းခွင်မျိုး ရှာမတွေ့တဲ့အဆုံး မိခင်ဖြစ်သူက သူကိုယ်တိုင် လုပ်ငန်းတစ်ခု ထူထောင်ခဲ့ပါတယ်။ အိမ်ခြံမြေ အကျိုးဆောင်အဖြစ် ၁၅ နှစ်ကြာ လုပ်ခဲ့တဲ့ ဆိုတိုမာရီနိုဟာ အထူးစောင့်ရှောက်မှု လိုအပ်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့၊ အလုပ်သင်အဖြစ် လုပ်ငန်းခွင် ဝင်နိုင်ဖို့ That Smoothie ဆိုတဲ့ စားဖွယ်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ခဲ့တာပါ။

ဆိုတိုမာရီနိုရဲ့ သား ၃ ယောက်လုံးက အထူးစောင့်ရှောက်မှု လိုအပ်သူတွေ ဖြစ်ပါတယ်။ သူဟာ မောင့်ဂိုမာရီကောင်တီ ပြည်သူ့စာသင်ကျောင်းများ အဖွဲ့နဲ့ ပူးပေါင်းပြီး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့၊ အလုပ်သင်အဖြစ် လုပ်ငန်းခွင် ဝင်နိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။

” မိသားစုတွေ ဆိုင်ထဲ ရောက်လာတဲ့အခါ ဖုန်းတွေချပြီး ဂိမ်းကစားပွဲတွေ ကြည့်နေတာ မြင်ရတော့ ပျော်တယ်။ တခြားစားပွဲဝိုင်းမှာ ပေါင်းထိုင်ကြတဲ့ မိသားစုမျိုးတွေတောင် ကြုံရပါတယ်” လို့ ဆိုတိုမာရီနိုက ဆိုပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ That Smoothie ဆိုင်ခွဲတွေကို တခြားမြို့တွေမှာ ဖွင့်လှစ်နိုင်ရေးပါပဲ။ ဒါမှသာ အထူးစောင့်ရှောက်မှု လိုအပ်နေသူတွေကို အလုပ်အကိုင် အခွင့်အလမ်း ပိုဖန်တီးပေးနိုင်မှာပါ။

Ref: Maryland Mom Opens Smoothie Shop That Offers Jobs To People With Special Needs

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top