အကြိမ် သန်း ၂၀၀ မှာ တစ်ကြိမ်ပဲ ဖြစ်နိုင်တဲ့ မျိုးဗီဇတူ ၃ မြွှာပူး မွေးဖွား

15.5.2023-yyl-9.jpg

အကြိမ် သန်း ၂၀၀ မှာ တစ်ကြိမ်ပဲ ဖြစ်နိုင်ခြေရှိတဲ့ မျိုးဗီဇတူ ၃ မြွှာပူး မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ကျန်းမာရေး စိတ်ချရပြီဖြစ်လို့ ဆေးရုံကနေ ဆင်းခွင့် ရရှိခဲ့ပါပြီ။ ဟာပါ၊ မာဗယ်လာ၊ အီဗလင်းတို့ဟာ မတ်လ ၃၁ ရက်မှာ မွေးဖွားခဲ့ကြပြီး သီတင်းပတ် ၉ ပတ်စော မွေးဖွားခဲ့ကြလို့ အလွန်သေးငယ်ကာ ခန္ဓာကိုယ်အလေးချိန် ၂ ပေါင် ၁၃ အောင်စ၊ ၃ ပေါင် ၁ အောင်စ၊ ၃ ပေါင် အသီးသီးပဲ ရှိကြပါတယ်။

အဲဒါကြောင့် သူတို့ကို အင်္ဂလန်နိုင်ငံ၊ ယော့ခ်ဆေးရုံရဲ့ ကလေးအထူးကြပ်မတ်ဆောင်မှာ တစ်လကျော်ကြာ စောင့်ရှောက်ခဲ့ရပြီး အခုအခါမှာတော့ ကျန်းမာရေးအခြေအနေ စိတ်ချရပြီဖြစ်လို့ ဆေးရုံကနေ ပြန်ဆင်းခွင့်ရခဲ့ပါပြီ။ မျိုးဗီဇတူ အမြွှာတွေဖြစ်ပြီး ရုပ်ချင်း ခွဲမရအောင် တူတဲ့အတွက် ဂျိမ်းနဲ့ ဂျင်းနီတို့က ဘယ်သူ၊ ဘယ်ဝါဆိုတာ ခွဲခြားလို့ရအောင် သူတို့ပုခက်တွေကို သီးခြားအမှတ်အသားတွေ လုပ်ထားရတယ်လို့ ဆိုပါတယ်။

Ref: Parents are shocked after welcoming one in 200 million identical triplets

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top