သူ နေထိုင်ရာ ရပ်ကွက်တစ်ခုလုံးကို ခရစ္စမတ်မီးရောင်တွေနဲ့ အလှဆင်ခဲ့တဲ့ အမျိုးသား

13.12.23-yyl-17.jpg

စတီဖန် ဒန်ကယ်ဘာ့ဂျ်ဆိုသူက သူ နေထိုင်ရာရပ်ကွက်တစ်ခုလုံးကို မီးရောင်တွေထိန်လင်းသွားအောင် လုပ်ပေးခဲ့ပါတယ်။ သူက ဥက္ကလာဟိုးမားပြည်နယ်၊ Bixby မြို့မှာ နေထိုင်တာဖြစ်ပြီး သူ့အိမ်တစ်ခုတည်း ခရစ္စမတ်မီးရောင်တွေ လင်းထိန်နေတာကို သတိထားမိပြီး အခုလို တစ်ရပ်ကွက်လုံးလင်းထိန်သွားအောင် လုပ်ခဲ့တာပါ။

သူ့ရပ်ကွက်ထဲမှာ နေထိုင်တဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတချို့လည်းရှိပြီး သူတို့ကိုယ်တိုင် ခရစ္စမတ်မီးတွေအလှဆင်ဖို့မဖြစ်နိုင်သလို လူငှားပြီး ချိတ်ဖို့ကျတော့လည်း ဈေးကြီးတယ်ဆိုတာကို စတီဖန်က သိနေခဲ့တာပါ။ ဒါကြောင့်ပဲ သူကိုယ်တိုင် ခရစ္စမတ်မီးတွေ လိုက်ပြီးအလှဆင်ပေးခဲ့တာပါ။

အိမ် ၂၂ အိမ်အတွက် မီးအလှဆင်ရမှာ မီးသီး အလုံးပေါင်း ၁၇၀၀ ပါဝင်ခဲ့ပါတယ်။ ပထမတော့ အိမ်နီးနားချင်းတွေကို ခရစ္စမတ်မီးအလှဆင်ချင်လားမဆင်ချင်လားသိရဖို့ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်မေးခဲ့ရတာပါ။ အရင်က သူ ကောင်းကောင်းမသိတဲ့ အိမ်နီးနားချင်းတွေကလည်း ခရစ္စမတ်မီးအလှဆင်ပြီး ခရစ္စမတ်ရာသီကို ကြိုဆိုဖို့ လက်ခံခဲ့ကြပါတယ်။ အိမ်နီးနားချင်းအကုန်လုံးအတွက် အခုလိုလုပ်ပေးဖို့ သူ့မှာ ရက်ရောတဲ့စိတ်ရှိတာ အရမ်းအံ့ဩစရာကောင်းတယ်လို့ အိမ်နားနီးချင်းတစ်ဦးဖြစ်တဲ့ မောလီ ဂါရစ်ဆန်က ပြောပါတယ်။

ခရစ္စမတ်မီးရောင်တွေက သူ့ရဲ့မျက်နှာကို အမြဲ အပြုံးပန်းဆင်နိုင်ခဲ့ပြီး အခြားသူတွေကိုလည်း ပြုံးပျော်ရွှင်အောင် ကူညီပေးနိုင်ခဲ့လို့ သူ ဝမ်းသာမိကြောင်း စတီဖန်က ဆိုပါတယ်။

Ref: Man with ‘Generous Heart’ Covers His Entire Neighborhood in Christmas Lights: ‘An Awesome Experience’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top