ကောလိပ်အတွက် စုထားတဲ့ငွေတွေနဲ့ သူ အလုပ်လုပ်ခဲ့ဖူးတဲ့ စားသောက်ဆိုင်ကို ဝယ်ယူခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး

19.5.2023-yyl-1.jpg

ဆာမန်သာ ဖရိုင် အမည်ရတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ သူ့အသက် ၁၆ နှစ်မှာ အလုပ်စလုပ်ဖြစ်ခဲ့တဲ့ စားသောက်ဆိုင်ကို ဝယ်ယူဖြစ်ခဲ့ပါတယ်။ အခုဆို သူက စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။ Rosalie’s စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့တုန်းက ပန်းကန်ဆေးတဲ့အလုပ်ကို လုပ်ခဲ့တာပါ။

အခုနှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာဘာသာရပ်ကို လေ့လာဖို့ Ohio State University မှာ စာရင်းသွင်းပြီးတဲ့နောက် Rosalie’s စားသောက်ဆိုင်ပိုင်ရှင်တွေက စားသောက်ဆိုင်ကို ရောင်းချလုပ်နေတယ်ဆိုတာကို သူ သိပြီး သူ့စိတ်အလိုအတိုင်း လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

စားသောက်ဆိုင်ဝယ်တာက သူ လုပ်ချင်ခဲ့တဲ့အရာဖြစ်တယ်လို့ သူ တွေးနေခဲ့တယ်။ ကောလိပ်အတွက် ငွေစုနေတဲ့အတွက် သူ့မှာ စုဆောင်းငွေရှိခဲ့တယ်။ အဲဒီငွေတွေနဲ့ စားသောက်ဆိုင်ဝယ်ဖို့ လုပ်ခဲ့တယ်။
ပညာသင်ယူတာကို ရပ်နားထားပြီး စားသောက်ဆိုင်အတွက် down payment နဲ့ ပေးချေခဲ့ပြီး ဧပြီလက စားသောက်ဆိုင်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အရင်က ဒါဟာ သူ လျှောက်လှမ်းမယ့်လမ်းကြောင်းမဟုတ်ခဲ့ပေမဲ့ အခု ဒါက သူ့ရဲ့ပထမဦးစားပေးဖြစ်လာခဲ့ပါတယ်။ ဆာမန်သာရဲ့ဆုံးဖြတ်ချက်ကို Rosalie’s ပိုင်ရှင် လိန်နာ ဂါဒမ်နာအပါအဝင် သူ့အသိုင်းအဝိုင်းက ကောင်းချီးပေးကြပါတယ်။

ဆာမန်သာက သူ့အိပ်မက်နောက်လိုက်နေတဲ့၊ သူ မြတ်နိုးတဲ့အရာကို လုပ်နေတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့စံနမူနာဖြစ်တယ်လို့ လိန်နာကဆိုပါတယ်။ သူ့မိဘတွေကလည်း သူ့ရဲ့ကြိုးပမ်းအားထုတ်မှုအသစ်အတွက် ပံ့ပိုးအားပေးကြပါတယ်။

Ref: 18-Year-Old Uses College Funds to Buy Restaurant Where She Started Out as Dishwasher

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top