၁၂ နှစ်အရွယ်ကတည်းက တက္ကသိုလ်တက်ခွင့်ရခဲ့ပြီး ၁၉ နှစ်အရွယ်မှာ ပါရဂူဘွဲ့ ရတော့မယ့် ကျောင်းသားလေး

9.6.2023-yyl-12.jpg

၇ နှစ်သား အရွယ်ကတည်းက ဒေသကောလိပ် တက်ခွင့်ရခဲ့တဲ့ အေဘရာဟမ်ဟာ အသက် ၁၉ နှစ်အရွယ်မှာတော့ ဇီဝဆေးပညာဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်နဲ့ Ph.D ဘွဲ့ ယူနိုင်တော့မှာပါ။ အေဘရာဟမ်ဟာ ၄ နှစ်သားအရွယ်မှာတင် ဉာဏ်ရည်မြင့်သူများ အဖွဲ့အစည်း Mensa ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တာပါ။( ဖြေဆိုမှုတွေမှာ ရမှတ်အများဆုံး ၂ ရာခိုင်နှုန်းကိုပဲ Mensa က အဖွဲ့ဝင်အဖြစ် လက်ခံတာဖြစ်ပါတယ်။)

အသက် ၇ နှစ်အရွယ် အထက်တန်းကျောင်းသားဘဝကတည်းက ဒေသကောလိပ် တက်ခွင့်ရခဲ့တဲ့ အေဘရာဟမ်ဟာ ၁၀ နှစ်သားအရွယ်မှာ အထက်တန်းကျောင်း ပြီးဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားတက္ကသိုလ် တက်ခွင့် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလမှာ ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ပါရဂူစာတမ်း ပြုစုမှု ပြီးမြောက်ခဲ့တာကြောင့် လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာတော့ ပါရဂူဘွဲ့ (Ph.D) ရတော့မှာပါ။

မိဘနှစ်ပါးနဲ့ အစ်မဖြစ်သူရဲ့ အားပေး ပံ့ပိုးမှုတွေကြောင့် အခုလို စွမ်းဆောင်နိုင်ခဲ့တာလို့ အေဘရာဟမ်က ဆိုခဲ့ပါတယ်။ သူဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ရောဂါဗေဒနဲ့ ဆေးဝါးဓာတ်ခွဲခန်းဌာနမှာ ဒီဂျစ်တယ်ရောဂါဗေဒဆိုင်ရာ အနုမြူမှန်ပြောင်းကြည့်နည်းစနစ်တွေအတွက် မှတ်ဉာဏ်တုနည်းပညာအသုံးပြုနိုင်ရေးကို သုတေသနလုပ်သွားဖို့ ရှိနေပါတယ်။

Ref: 19-year-old Ph.D. started community college when he was 7

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top