တောင်ကိုရီးယားတိရစ္ဆာန်ရုံမှ ခြင်္သေ့ဖြူမလေး

cute.jpg

တောင်ကိုရီးယား တိရစ္ဆာန်ရုံမှ ခြင်္သေ့ဖြူမလေးအကြောင်း ဒီရက်ပိုင်း အွန်လိုင်းပေါ်မှာ လူပြောများနေပါတယ်။ သူ့နာမည်ကတော့ “လူနာ” (Luna) ပါ။ဒယ်ဂုအမျိုးသားဥယျာဉ်ရဲ့ တိရစ္ဆာန်ရုံထဲက ခြင်္သေ့မလေး ဖြစ်ပါတယ်။

နို့နှစ်ရောင် သန်းနေတဲ့ အမွှေး၊ နူးညံ့တဲ့ မျက်နှာအမူအရာနဲ့ ထူးခြားတဲ့ ရုပ်သွင်ကြောင့် ခြင်္သေ့မလေး “လူနာ”ကို လာရောက်ကြည့်ရှုသူ များပြားနေပါတယ်။ သူ့ရဲ့ အမွှေးက အဖြူရောင်ဖြစ်နေပေမဲ့ အယ်လ်ဘီနိုရောဂါ စွဲကပ်ခံနေရတာ မဟုတ်ပါဘူး။

မျက်လုံးနဲ့ အရေပြားရဲ့ သဘာဝအရောင်ကို မပြောင်းလဲစေဘဲ အမွေးအမျှင်ကိုပဲ ဖျော့တော့သွားစေတဲ့ “လူစစ်ဆင်” (leucism) ခေါ် ရှားပါးဗီဇပြောင်းလဲမှုကြောင့် ခြင်္သေ့မလေး “လူနာ “ရဲ့ အမွှေးက အဖြူရောင် ဖြစ်နေတာပါ။

ခြင်္သေ့မလေး လူနာရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ အွန်လိုင်းမှာ အချိန်တိုအတွင်း ပျံ့နှံ့သွားပြီး ကမ္ဘာ့အလှပဆုံး ခြင်္သေ့တစ်ကောင်လို့ မှတ်ချက်ပေးခံထားရပါတယ်။

Ref: Luna is a rare white lioness living at the Nature Park Zoo in Daegu

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top