အသက် ၂၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဘယ်လ်ဂျီယံရဲ့အနာဂတ်ဘုရင်မ

26-10-2022-yyl-07.jpg

အနာဂတ်မှာ ဘယ်လ်ဂျီယံအိမ်ရှေ့စံမင်းသမီးလေး အယ်လီဇဘက်က ဘုရင်မအဖြစ် ထီးနန်းဆက်ခံရမှာပါ။ သူဟာ အောက်တိုဘာ ၂၅ ရက်နေ့က အသက် ၂၁ နှစ်ပြည့်မြောက်သွားခဲ့တာပါ။ အဲဒီနေ့က မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘယ်လ်ဂျီယံတော်ဝင်နန်းတော်က အယ်လီဇဘက်ရဲ့လှပကြော့ရှင်းတဲ ပုံ (၂) ပုံကို တွစ်တာအကောင့်မှာ တင်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ အိမ်ရှေ့စံမင်းသမီးလေး အယ်လီဇဘက်က လင်ကွန်းကောလိပ်မှာ သမိုင်းနဲ့နိုင်ငံရေးဆိုင်ရာ (၃) နှစ်တာသင်တန်း ပြီးမြောက်ခဲ့ပြီးတဲ့နောက် အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ တက်ရောက်နေပါတယ်။ သူဟာ ၂၀၂၀ ခုနှစ်က the United World College of the Atlantic ကနေ International Baccalaureate ဒီပလိုမာဘွဲ့ကို ရရှိခဲ့တဲ့အပြင် ဘရပ်ဆဲလ်မြို့က တော်ဝင်စစ်တက္ကသိုလ်မှာလည်း တစ်နှစ်တက်ရောက်ခဲ့ပါတယ်။

အိမ်ရှေ့စံမင်းသမီးအယ်လီဇဘက်က အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပညာသင်ကြားမယ်လို့ ဘယ်လ်ဂျီယံတော်ဝင်နန်းတော်က ကြေညာခဲ့တဲ့အချိန်တုန်းက သူနဲ့ အဆက်အသွယ်မပြတ်ရှိနေဖို့ သူ့ရဲ့အမိနိုင်ငံကို မကြာခဏအလည်ပြန်လာမှာဖြစ်တယ်လို့ အလေးပေးဖော်ပြခဲ့ပါတယ်။ ဘုရင်ဖီလစ်ပီနဲ့ ဘုရင်မ မာသီလ်ဒီတို့ရဲ့အကြီးဆုံးကလေး အယ်လီဇဘက်က သူ့ရဲ့အဘိုး အဲလ်ဘက်ဘုရင် (၂) ထီးနန်းစွန့်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ သူ့အဖေပြီးရင် သူ ထီးနန်းဆက်ခံသူဖြစ်လာမယ်ဆိုတာ သိသာထင်ရှားလာခဲ့ပါတယ်။

မျှော်လင့်ထားသလို ဘုရင်မဖြစ်လာတဲ့အချိန်ကျရင် သူဟာ ဘယ်လ်ဂျီယံရဲ့ပထမဆုံးဘုရင်မအုပ်ချုပ်သူဖြစ်လာမှာပါ။ ဘယ်လ်ဂျီယံမှာ အကြီးဆုံးမျိုးဆက်က ထီးနန်းဆက်ခံရမယ်ဆိုတဲ့ ဥပဒေသစ်က သူ မမွေးခင် ၁၀နှစ်၊ ၁၉၉၁ ခုနှစ်မှာ အသက်ဝင်လာခဲ့တာပါ။

Ref: People “The Next Queen Elisabeth (of Belgium!) Celebrates 21st Birthday with Stunning New Portraits”

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top