Wednesday 2 ရိုက်ကူးရမှာမို့ ၇ ကားမြောက် Scream မှာ မပါဝင်ဖြစ်တော့တဲ့ ဂျန်နာ အော်တီဂါ

24.11.23-yyl-2.jpg

Wednesday ဇာတ်ကားနဲ့ အောင်မြင်မှုရခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မင်းသမီးချော ဂျန်နာ အော်တီဂါဟာ သည်းထိတ်ရင်ဖိုဇာတ်ကား Scream ရဲ့ အရင် ၂ ကားမှာ တာရာ ကာပန်တာပါဝင်ခဲ့ဖူးပါတယ်။ Scream (2022) နဲ့ Scream (2023) ဇာတ်ကားတွေမှာပါ။ ဒါပေမဲ့ မကြာခင် ရိုက်ကူးမယ့် ၇ ကားမြောက် Scream မှာတော့ မပါဝင်ဖြစ်တော့ဘူးလို့သိရပါတယ်။ Wednesday ဒုတိယမြောက်ဇာတ်ကားကြောင့် အချိန်ဇယားပြည့်နေတဲ့အတွက်မပါဝင်ဖြစ်တော့တာပါ။

၇ ကားမြောက် Scream မှာ ဂျန်နာ မပါဝင်ဖြစ်တော့တာက အစ္စရေး ဟမတ်စ် ပဋိပက္ခနဲ့ပတ်သက်ပြီး တာရာရဲ့ဝမ်းကွဲ ဆမ်ကာပန်တာအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး မယ်လစ်ဆာ ဘာရီရာ ပြောခဲ့တဲ့ မှတ်ချက်ကြောင့် မယ်လစ်ဆာ အထုတ်ခံရတာနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။

Scream မှာ မပါဝင်တော့ဘဲ ဂျန်နာ ထွက်သွားတာဟာ အဲဒီပြဿနာမတိုင်ခင်ကတည်းက ဆွေးနွေးခဲ့တာပါ။ ဂျန်နာက ဒုတိယမြောက် Wednesday ဇာတ်ကားရိုက်ကူးဖို့ အိုင်ယာလန်ကို သွားရောက်ရမှာဖြစ်လို့ပါ။ ဂျန်နာက Beetlejuice 2 အတွက် အပြီးသတ်ရိုက်ကူးဖို့လည်း လိုအပ်ခဲ့တာပါ။

Ref: Jenna Ortega will not be returning for Scream VII

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top