ဆန်ဒီရေဂိုတိရစ္ဆာန်ဥယျာဉ်က ဂေါ်ရီးလားမျောက်ဝံ (၂) ကောင်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိ

11-1-2021-yyl-23.jpg

ဆန်ဒီရေဂိုတိရစ္ဆာန်ရုံ Safari Park က ဂေါ်ရီလားမျောက်ဝံ (၂) ကောင်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတယ်လို့ တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တတိယတစ်ကောင်ကတော့ ရောဂါလက္ခဏာပြသခဲ့ပေမဲ့ ရောဂါပိုးစစ်ဆေးမတွေ့ရှိခဲ့ရဘူးလို့ တိရစ္ဆာန်ဥယျာဉ်က ပြောကြားပါတယ်။

လက်ရှိရောဂါပိုးတွေ့ရှိခဲ့တဲ့ (၂) ကောင်ကတော့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ချောင်းဆိုးတာနဲ့ အခြားရောဂါလက္ခဏာတွေ စတင်ပြသခဲ့ပြီးတဲ့နောက်မှာ ရောဂါပိုးစမ်းသပ်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာတော့ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့အဖြေထွက်ရှိလာခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ National Veterinary Services Laboratories က အတည်ပြုပေးခဲ့ပါတယ်။ မျောက်ဝံတွေက ရောဂါလက္ခဏာမပြတဲ့ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတစ်ယောက်ယောက်စီက ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ (၂) ကောင်က ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့ တိရစ္ဆာန်ဥယျာဉ်စောင့်ရှောက်တဲ့သူတွေက ပြောပါတယ်။ ဂေါ်ရီလားမျောက်ဝံ (၂) ကောင်ပဲ ရောဂါပိုးတွေ့ရှိခဲ့ပေမဲ့ မျောက်ဝံတွေအတူတူနေထိုင်ခဲ့တဲ့အတွက် အားလုံးထိတွေ့မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်ဥယျာဉ်ရဲ့အလုပ်အမှုဆောင်ဒါရိုက်တာ လီဆာ ပီတာဆန်ကတော့ ဂေါ်ရီလားမျောက်ဝံ (၈) ကောင်လောက်တော့ ဗိုင်းရပ်စ်ပိုးရှိမယ်လို့ ယုံကြည်ထားကြောင်း တနင်္လာနေ့က ပြောပါတယ်။

မျောက်ဝံတွေက နောက်ထပ်ရောဂါလက္ခဏာတွေပေါ်လာမလားဆိုတာကိုတော့ သေချာပြောလို့မရပါဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာပြနေတဲ့ မျောက်ဝံတွေကို တိရစ္ဆာန်ဆရာဝန်တွေက ဂရုတစိုက်ကြည့်ရှုပေးနေပြီး မျောက်ဝံအကုန်လုံးကိုလည်း သေချာကြည့်ရှုစောင့်ရှောက်ပေးနေတယ်လို့ တိရစ္ဆာန်ဥယျာဉ်က ပြောပါတယ်။ ဒီတိရစ္ဆာန်ဥယျာဉ်ကတော့ ဒီဇင်ဘာ ၆ ရက်နေ့ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

Ref: CBSNews “2 gorillas at San Diego Zoo test positive for COVID-19”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top