အာဖရိကမှာ သောက်ရေတွင်းပေါင်း ၁၀၀ တူးဖော်ပေးထားတဲ့ YouTuber

14.11.23-yyl-17.jpg

နာမည်ကျော် YouTuber MrBeast ဟာ သောက်ရေတွင်းပေါင်း ၁၀၀ ဆောက်လုပ်ဖို့အတွက် ကင်ညာနဲ့ အခြားအာဖရိကဒေသတွေကို သွားရောက်ခဲ့ပြီးနောက် သူ့ရဲ့မကြာသေးခင်ကဗီဒီယိုတစ်ခုက လူအများကြား ပျံ့နှံ့သွားခဲ့ပါတယ်။ ဒေါ်လာထောင်ချီကုန်ကျတဲ့ ဒီပရောဂျက်ကြီးက လူပေါင်း သန်းဝက်ကျော်ကို သန့်ရှင်းတဲ့သောက်သုံးရေရရှိစေမှာဖြစ်ပါတယ်။

MrBeast ရဲ့နာမည်ရင်းက ဂျင်မီ ဒေါ်နယ်လ်ဆန်ပါ။ သူ့ရဲ့ YouTube ဗီဒီယိုတွေမှာ ငွေအကုန်အကျခံပြီး လူတွေရဲ့ကူညီပေးနေတဲ့အတွက် လူသိများပါတယ်။ “I built 100 wells in Africa” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့YouTube ဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားပြီး ကြည့်ရှုသူ ၇၂ သန်းကျော်ရှိခဲ့ပါတယ်။ MrBeast က သောက်သုံးရေတွင်းတွေ တူးဖော်ပေးဖို့အတွက် အာဖရိကအတွင်းရှိနိုင်ငံအသီးသီးကို သွားရောက်ခဲ့ရတာပါ။

သောက်သုံးရေးတွင်းတူးဖော်ပေးတဲ့ ဒီပရောဂျက်မှာ ကင်ညာမှာ ရေအောင်းလွှာကို ရောက်ဖို့ ဧရာမတူးဖော်စက်ကို အသုံးပြုမှုကတဆင့်တူးဖော်တဲ့ ရေတွင်း ၅၂ တွင်းပါဝင်ခဲ့ပါတယ်။ ကျောင်းအဆောက်အဦးတွေတိုးတက်အောင် လုပ်ခဲ့သလို မြို့လေးတွေကြား လုံခြုံစိတ်ချရတဲ့ တံတားတွေလည်းတည်ဆောက်ပေးခဲ့ပါတယ်။

MrBeast က ဇင်ဘာဘွေ၊ ယူဂန်ဒါ၊ ဆိုမာလီယာနဲ့ ကင်မရွန်းတွေမှာလည်း အလားတူပရောဂျက်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ လူပေါင်း ၅၀၀၀၀၀ ဝန်းကျင်က ဘေးကင်းတဲ့သောက်သုံးရေကိုရရှိသွားမှာပါ။ ဒီပရောဂျက်ဟာ ပရိသတ်တွေကရရှိတဲ့ ရန်ပုံငွေတွေအပြင် YouTube ဗီဒီယိုတွေက ရရှိတဲ့ငွေတွေနဲ့ ကမ္ဘာ့တစ်ဝှမ်းက ချို့တဲ့တဲ့အသိုင်းအဝိုင်းတွေကို ကူညီပေးဖို့အတွက် MrBeast လုပ်ဆောင်တဲ့ ကနဦးအစီအစဉ်တွေထဲက တစ်ခုပါ။

Ref: YouTuber Mr Beast Builds 100 Drinking Water Wells in Africa

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top