ထိုင်းဂူထဲ ပိတ်မိနေသူ ၁၃ ယောက်ကို ကယ်တင်ပေးခဲ့တဲ့ ဗြိတိန်ရေငုပ်သမား ၂ ဦး ဂုဏ်ထူးဆောင်ဘွဲ့ ရရှိ

7-7-2022-03.jpg

ထိုင်းနိုင်ငံမှာ ရေဖုံးလွှမ်းနေတဲ့ ဂူထဲကနေ လူငယ် ၁၂ ယောက်နဲ့ ဘောလုံးနည်းပြတို့ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား ရေငုပ်သမား ၂ ယောက်ကို ဗြိတိန်နိုင်ငံ ဘရစ္စတိုးတက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လက တောဝက်ဘောလုံးအသင်းရဲ့ လူငယ်ကစားသမား ၁၂ ယောက်နဲ့ ဘောလုံးနည်းပြတို့ဟာ ရေဖုံးလွှမ်းနေတဲ့ဂူထဲမှာ ပိတ်မိခဲ့ကြတာပါ။ ပိန်းပိတ်အောင် မှောင်နေတဲ့ ဂူထဲမှာ ရေစီးသန်တဲ့ အခြေအနေကို အံ့တုပြီး ဗြိတိန်နိုင်ငံသား ၂ ယောက်က ကျဉ်းမြောင်းထဲ ဂူလမ်းကြောင်းထဲဝင်ရောက်ကာ ကလေး ၁၂ ယောက်နဲ့ ဘောလုံးနည်းပြကို ကယ်တင်ပေးနိုင်ခဲ့တာပါ။

တစ်ကမ္ဘာလုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ လူငယ်တွေနဲ့ ဘောလုံးနည်းပြတို့ကို ကယ်တင်ပေးဖို့ ဗြိတိန်နိုင်ငံသား ဗိုလန်သန်နဲ့ စတန်တွန်တို့ကို ထိုင်းအစိုးရက အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။

” ဒီကိစ္စက ဘာနဲ့မှ နှိုင်းယှဉ်မရတဲ့ မကြုံစဖူးဖြစ်ရပ်ပါ။ လူတွေကတော့ အကြီးကျယ်ဆုံး ကယ်တင်မှုတစ်ခုလို့ ဆိုကြတယ်။ ရှည်ကြာလွန်းတဲ့ ၂ ပတ်ခွဲကြာကာလအတွင်း ကျွန်တော်တော့ ဖြန့်ထွက်စဉ်းစားပြီး လုပ်ဆောင်ခဲ့တာပါ။ အခုလို ဂုဏ်ထူးဆောင်ဘွဲ့ရလို့ အလွန်ဂုဏ်ယူပါတယ်”လို့ စတန်တွန်က ဆိုပါတယ်။

Ref: Thai cave rescue divers get honorary degrees in Bristol

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top