မေ့နေတဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၈.၉ သန်းဆု ဆွတ်ခူးခဲ့သူ

20-3-2022-yyl02.jpg

အော်ရီဂွန်ပြည်နယ်မှာ နေထိုင်သူ ဝီလ်ဘာဘရောင်းဟာ လွန်ခဲ့တဲ့ ၃ လလောက်တုန်းက Megabucks ထီလက်မှတ် ဝယ်ယူခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက် ညွှန်းလို့ 26 for $25 ဆိုတဲ့ ထီလက်မှတ်ကို ဝယ်ခဲ့တာပါ။ ၂၅ ဒေါ်လာနဲ့ ၂၆ ကြိမ်တိုင်တိုင် ကံစမ်းခွင့်ရှိတဲ့ လက်မှတ်ပါ။ ဝီလ်ဘာဘရောင်းဟာ အစောပိုင်းတုန်းက ထီဖွင့်ရင် ထီတိုက်ကြည့်ပေမဲ့ နောက်ပိုင်းတော့ သူ့ရဲ့ထီလက်မှတ်ကို မေ့နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ ဝီလ်ဘာဘရောင်းက သူ့ရဲ့ထီလက်မှတ်ကို တိုက်ကြည့်ခဲ့ပြီး ” ထီဆုကြီး ကံထူးသူ” ဆိုတဲ့ မက်ဆေ့ ရရှိခဲ့ပါတယ်။ သူဟာ 15၊ 33၊ 34၊ 40၊ 42၊ 47 ဆိုတဲ့ နံပါတ်နဲ့ အမေရိကန်ဒေါ်လာ ၈.၉ သန်းတန် ထီဆုကြီး ဆွတ်ခူးခဲ့တာပါ။ ဝီလ်ဘာဘရောင်းလို ထီဆုကြီး ပေါက်နိုင်ခြေဟာ ၆.၁ သန်းပုံ ၁ ပုံပဲ ရှိတယ်လို့ အော်ရီဂွန်ထီဌာနက ပြောပါတယ်။

ဝီလ်ဘာဘရောင်းက ထီဆုကြေးကို တစ်လုံးတစ်ခဲတည်း မယူဘဲ နှစ် ၃၀ ကြာ အရစ်ကျခွဲယူဖို့ ရွေးချယ်ခဲ့တာကြောင့် နှစ်စဉ်နှစ်တိုင်း အခွန်ဆောင်ပြီး တစ်နှစ်ကို ဒေါ်လာ ၂ သိန်းကျော် ရရှိမှာ ဖြစ်ပါတယ်။ ဝီလ်ဘာဘရောင်း ထီလက်မှတ် ဝယ်ယူခဲ့တဲ့ Moose Lodge ( သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးအသင်းတိုက်)ဟာလည်း ထီဆုကြီးရဲ့ ၁ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၈၉၀၀၀ ရရှိမှာဖြစ်ပါတယ်။ ဒါဟာ သူတို့အတွက် တကယ်လိုအပ်နေတဲ့အချိန်မှာ ဆုကြေးရရှိတာဖြစ်တယ်လို့ Moose Lodge မန်နေဂျာက ဆိုပါတယ်။

Ref: CNN “Oregon man wins $8.9 million from forgotten lottery ticket he bought on Christmas”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top