အသက်ခြောက်လအရွယ်နဲ့တင် လမ်းစလျှောက်တတ်တဲ့ ကလေးလေး

child0.jpg

အခုမှ သမီးဦးလေး မွေးထားတဲ့ ကလေးမိခင်တစ်ဦးဟာ သူ(မ)ရဲ့ ကလေးလေးဟာ အသက်ခြောက်လအရွယ်မှာတင် လမ်းစလျှောက်ခဲ့တာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ အစ်ဆက်စ်(Essex) ပြည်နယ်၊ ကိုလ်ချက်စတာ (Colchester) မြို့မှာ နေထိုင်တဲ့ ဂရေစ့် (Grace) နဲ့ ရိုင်ယန် (Ryan) တို့ဟာ သူတို့ရဲ့ သမီးဦးလေး ဖရီယာမင်တာ (Freya Minter) ဟာ အကူအညီမပါဘဲ လမ်းစလျှောက်ခဲ့တာကြောင့် စိတ်လှုပ်ရှားခဲ့ရပါတယ်။ အခုအချိန်မှာ အသက် (၇) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သမီးလေးဟာ လေးဖက်ထောက်တွားသွားတတ်တဲ့ အရွယ်ရောက်နေပေမဲ့လည်း လမ်းလျှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ကလေးတွေဟာ ပျမ်းမျှ အသက် တစ်နှစ်ခန့်မှာ လမ်းစလျှောက်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖရီယာလေးကတော့ ရွယ်တူကလေးတွေထဲမှာ အသက်အငယ်ဆုံး လမ်းစလျှောက်တတ်တဲ့ ကလေးတွေထဲက တစ်ယောက်ဖြစ်လာပါတယ်။ ဖရီယာဟာ အရမ်းသွက်တဲ့ကလေးတစ်ယောက်ဖြစ်ပြီး အလေးချိန် (၁၃) ပေါင်သာ ရှိသေးပါတယ်။

‘ဖရီယာ လေးလအရွယ်လောက်မှာကတည်းက ကျွန်မတို့ရဲ့ လက်ချောင်းလေးတွေကို ကိုင်ပြီး သူ့ကိုယ်သူထိန်းရင်း မတ်တပ်ရပ်နိုင်လာပါတယ်… လမ်းလျှောက်လာဖို့အထိတော့ မျှော်လင့်ချက်မရှိသေးပါဘူး။ ဒါပေမဲ့ ဖရီယာလေး အသက်ခြောက်လမှာတော့ တကယ်ပဲ လမ်းလျှောက်လာနိုင်ပါတယ်’ လို့ မိခင်ဖြစ်သူဂရေ့စ်က ဆိုပါတယ်။ ဖရီယာ ပထမဆုံး လမ်းစလျှောက်တုန်းကဆိုရင် သူမမျက်နှာလေးဟာ ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ပထမတုန်းကတော့ စမ်းပြီး မတ်တပ်ရပ်ကြည့်တယ်လို့ပဲ ထင်တာပါ။ ဒါပေမဲ့ ခြေလှမ်းလေးတွေ လှမ်းလိုက်တဲ့အခါမှာတော့ လုံးဝကို အံ့အားသင့်ခဲ့ရပါတယ်။

ဂရေ့စ်က ‘သမီးလေး ဖရီယာဟာ လေးဖက်ထောက်ပြီး တွားသွားတာမျိုး လုံးဝမလုပ်လိုက်ရဘဲနဲ့ လမ်းပဲလျှောက်ခဲ့တာပါ’ လို့ ပြောပါတယ်။ မိဘတွေအနေနဲ့ ဖရီယာက အရမ်းမြန်ပြီး အမြဲတမ်း ဟိုသွားလိုက်၊ ဒီသွားလိုက်နဲ့ မို့လို့ အမြဲစောင့်ကြည့်နေရပါတယ်။ ကလေးတစ်ယောက်ဟာ အသက်ခြောက်လမှာဆိုရင် သူ့ဟာသူ ထိုင်နိုင်ပြီးတော့ အသက်ကိုးလကနေ ဆယ်နှစ့်လကြားမှာ အကူအညီနဲ့ လမ်းစလျှောက်ကြပါတယ်။

Ref: www.dailymail.co.uk ” Mother is left shocked after her daughter started walking at SIX MONTHS – and claims she skipped the crawling stage completely ”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top