သားယောကျာ်းလေးမွေးဖွားပြီးနောက် သေဆုံးသွားခဲ့တဲ့ ကိုမာရောဂါသည်အမျိုးသမီး

coma.jpg

နိုင်ငံတကာအားကစားမယ်ဟောင်းတစ်ဦးဖြစ်တဲ့ ကာတာရီးနား ဆီကွဲယား (Catarina Sequeira) ဟာ ကိုယ်ဝန် (၁၉) ပတ်ကိုလွယ်ထားခဲ့ရပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာလကတည်းက (၅၆) ရက်ကြာအောင် ကိုမာဖြစ်နေခဲ့ပါတယ်။ သူ မသေဆုံးခင် သားယောကျာ်းလေးကို မွေးဖွားပေးနိုင်ခဲ့ပါတယ်။

ဆရာဝန်တွေက သူ့ကို (၃၂) ပတ်ထိ နေနိုင်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။။ ဒါပေမဲ့ သူ့ရဲ့ အခြေအနေက ဆိုးရွားလာခဲ့ပြီး ကလေးမွေးဖွားဖို့ ခွဲစိတ်ကုသမှုတွေပြုလုပ်ခဲ့ရပါတယ်။ သူ့ရဲ့နာရေးကို မတ်လ (၂၂) ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အားကစားမယ်ဟောင်းက ပန်းနာရင်ကျပ်ရောဂါကို ဆိုးဆိုးရွားရွားခံစားခဲ့ရပြီး ကိုမာအဆင့်ထိရောက်သွားခဲ့ရတာဖြစ်ပါတယ်။ ဆရာဝန်တွေက သူ ဦးနှောက်သေသွားပြီလို့ ဒီဇင်ဘာ (၂၆) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကာတာရီးနားကို အသက်ရှုကိရိယာတပ်ထားတာကြောင့် ကလေးက အသက်ရှင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကလေးက အလေးချိန် (၃.၇၅) ပေါင်သာရှိပြီး ဆေးရုံမှာ အနည်းဆုံး (၃) ပတ်ထားရမှာဖြစ်ပါတယ်။

ဦးနှောက်သေတဲ့အမျိုးသမီးက ကလေးမွေးဖွားခဲ့တာဟာ ဒါနဲ့ဆိုရင် ဒုတိယအကြိမ်ပဲဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်တုန်းကလည်း မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ (၁၅) ပတ် ရှိခဲ့ပြီးနောက် လောရမ်ကို (Lourenco) လို့ခေါ်တဲ့ ကလေးလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။

Ref: Dailymail “Athlete who has been brain-dead since December gives birth to baby boy in Portugal… and is then buried the next day”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top