တီရဲလ်ထန်ကြိုက်နှစ်သက်သော မြန်မာ့ရိုးရာအစားအစာ (၃) မျိုး

76-3-1.jpg

(၁၅) နှစ်ခန့် အမိမွေးရပ်မြေအဝေးမှာနေခဲ့ရသည့် ချင်းတိုင်းရင်းသား တီရဲလ်ထန်၏ မြန်မာနိုင်ငံ ပြန်လည်ခြေချခွင့်ရသည့်ခရီးစဉ်သည် ၎င်းအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာများစွာ ရှိခဲ့သည်။

တီရဲလ်ထန်သည် ၎င်း၏ ONE Championship ပွဲဦးထွက်ပြိုင်ပွဲဖြစ်သည့် ONE: Regin of Valor ပြိုင်ပွဲကြီးတွင် ကမ္ဘောဒီးယားနိုင်ငံသား Rin Saroth ကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ပြီး အမိမြေ အပြန်ခရီးစဉ် အဖွင့်လှခဲ့သည်။

ONE Championship ပွဲဦးထွက်ပြိုင်ပွဲဖြစ်သည့် ONE: Regin of Valor ပြိုင်ပွဲကြီးတွင် ကမ္ဘောဒီးယားနိုင်ငံသား Rin Saroth ကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ပြီး အမိမြေ အပြန်ခရီးစဉ် အဖွင့်လှခဲ့သည်

တီရဲလ်ထန်သည် မြန်မာ့ဂုဏ်ဆောင်ကစားသမား အောင်လအန်ဆန်၏ ဦးဆောင်လမ်းပြမှုဖြင့် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကသို့ ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံတွင် ပြန်လည်ခြေချယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ၎င်း၏ ပထမဆုံး မွေးရပ်မြေခရီးစဉ်အစတွင် ရန်ကုန်မြို့သို့ ရောက်ရောက်ခြင်း မြန်မာ့ရိုးရာပုဆိုးကို ပြန်လည်ဝတ်ဆင်ရင်း ပျော်ရွှင်ဝမ်းမြှောက်ခဲ့ရသည်။

အောင်လအန်ဆန်၏ ဦးဆောင်လမ်းပြမှုဖြင့် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကသို့ ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံတွင် ပြန်လည်ခြေချယှဉ်ပြိုင်ခွင့်ရရှိခဲ့

“မြန်မာနိုင်ငံ စရောက်ကတည်းက အရမ်းလုပ်ချင်တာက ပုဆိုးဝတ်ကြည့်ချင်တာပဲ။ လေဆိပ်က ရောက်ရောက်ချင်း ပုဆိုးဆိုင်ကိုသွားပြီး ပုဆိုးဝယ်ဝတ်ဖြစ်တယ်” ဟု ၎င်း၏ မြန်မာရိုးရာ ဝတ်စုံအပေါ်ခုံမင်မှုကို ဖွင့်ဟပြသည်။

မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသည့် တီရဲလ်ထန်အနေဖြင့် နောက်ထပ်အလုပ်ချင်ဆုံး အရာတစ်ခုမှာ မြန်မာအစားအစာများကို အားရပါးရစားချင်နေခြင်းပင်ဖြစ်သည်။

“ကျွန်တော်က အစားသမားလေ။ ဒီရောက်တော့ မြန်မာအစားအစာတွေ အဝစားချင်တာ။ ဒါပေမဲ့ ပွဲရှိနေတော့ လောလောဆယ်စားလို့မရသေးဘူး။ ပွဲပြီးသွားရင်တော့ စားပြီပဲ” ဟု ၎င်းက ရယ်ရယ်မောမောဖြင့်ပြောခဲ့သည်။

တီရဲလ်ထန်သည် ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံ၌ (၁၀) ရက်ခန့်ထပ်မံနေထိုင်ခဲ့ပြီး ၎င်း၏ ဇာတိမြို့ဖြစ်သည့် ဟားခါးမြို့လေးသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် မြန်မာရိုးရာ အစားအစာများကိုလည်း အားရပါးရစားသောက်ခဲ့ကြောင်းဆိုသည်။

“ဒီကအစားအသောက်တွေက သိပ်အရသာရှိတယ်။ အမေရိကန်နဲ့ ဘာမှမဆိုင်ဘူး။ ကြက်သားဆိုရင် ဒီကကြက်သားက ချိုနေတာပဲ။ သဘာဝအချိုဓါတ်ရှိတယ်။ ဟိုမှာက ဘာအရသာမှ မရှိဘူး။ အသီးအနှံတွေဆိုလည်း ဒီကအသီးအနှံတွေက သေးပေမယ့်ချိုတယ်။ အရသာရှိတယ်” ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

အသီးအနှံတွေဆိုလည်း ဒီကအသီးအနှံတွေက သေးပေမယ့်ချိုတယ်။ အရသာရှိတယ် ဟု တီရဲလ်ထန်က ပြောခဲ့

တီရဲလ်ထန်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ်တွင် ကြိုက်နှစ်သက်ခဲ့သည့်အစားအသောက်များထဲမှ အကြိုက်ဆုံးအစားအသောက် (၃) မျိုးကို ရွေးချယ်ခဲ့ရာ မုန်ဟင်းခါး၊ စာဘူးသီး နှင့် ရှမ်းခေါက်ဆွဲတို့ ဖြစ်သည်။

တီရဲလ်ထန်ကြိုက်သည့် မုန့်ဟင်းခါး

မြန်မာနိုင်ငံသား (၈၀) ရာခိုင်နှုန်းခန့်သည့် မုန့်ဟင်းခါးကြိုက်နှစ်သက်ကြသူများဖြစ်သည်။ မုန့်ဟင်းခါးသည် မြန်မာနိုင်ငံ၏ အစားအသောက်များအထဲမှ နိုင်ငံ၏ အမှတ်သင်္ကေတ တစ်ခုဆိုလျင်လည်း မှားမည်မဟုတ်ပေ။ တီရဲလ်ထန်၏ အကြိုက်ဆုံးအစားအစာများအထဲတွင် မုန့်ဟင်းခါးသည် ထိပ်ဆုံးစာရင်း၌ ပါဝင်နေသည်။

“မြန်မာအစားအစာထဲမှာ မုန့်ဟင်းခါးကို အကြိုက်ဆုံးပဲ။ စားလို့လည်းကောင်းတယ်။ ငါးနဲ့လုပ်ထားတဲ့ဟင်းရည်က အတော်လေး သောက်လို့ ကောင်းတယ်။ မြန်မာနိုင်ငံမှာက ငါးပေါတော့ အရသာကောင်းကောင်း လုပ်နိုင်တာပေါ့” ဟု တီရဲလ်ထန်က ဆိုသည်။

ချင်းရိုးရာအစားအစာ စာဘူးသီး

ချင်းတိုင်းရင်းသားအစားအသောက်များ အကြောင်းပြောလျှင် စာဘူးသီးအကြောင်း မပါမဖြစ်ပေ။ ချင်းလူမျိုးတို့၏ အစားအသောက် အမှတ်သင်္ကေတတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ တစ်ဝန်း ခေတ်စားလာသည့် အစားအသောက်ဟင်းလျာတစ်ခုလည်း ဖြစ်သည်။

စာဘူးသီးဟင်းကို လတ်ဆက်သည့် ပြောင်းဖူးစေ့များအား အခွံချွတ်လိုက်ပြီး နွားနောက်သားနှင့် ရောပြုတ်၍ ချက်သည်။ ခွန်အားတိုးပွားစေပြီး ကျန်းမာရေးအတွက်သင့်တော်လှသည့် ဟင်းလျာမျိုးဖြစ်သည်။

“နောက်ထပ်တစ်မျိုးကတော့ ချင်းရိုးရာအစားအစာ စာဘူးသီးပေါ့။ အရမ်းကောင်းတယ်။ ဟားခါးမှာ အဲဒါပဲ တော်တော်စားဖြစ်တယ်။ ကျွန်တော်က ချင်းတိုင်းရင်းသားပေမဲ့ ချက်နည်းကတော့ မသိဘူး။ ကြိုက်တာတော့ အတော်ကြိုက်တယ်” ဟု တီရဲလ်ထန်က ရယ်လျက်ပြောခဲ့သည်။

ကျန်းမာရေးနှင့် ညီညွတ်သော ရှမ်းခေါက်ဆွဲ

တီရဲလ်ထန်၏ နောက်ထပ်အကြိုက်ဆုံးအစားအစာမှာ ရှမ်းခေါက်ဆွဲပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ရှမ်းအစားအစာများအထဲတွင် ရှမ်းခေါက်ဆွဲသည် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ တီရဲလ်ထန်ကမူ ရှမ်းခေါက်ဆွဲကို အီတလီအစားအစာ spaghetti နှင့် ခပ်ဆင်ဆင်တူသည်ဟု မှတ်ချက်ပေးသည်။

“ရှမ်းခေါက်ဆွဲကိုလည်း ကျွန်တော်ကြိုက်တယ်။ စားလို့ကောင်းတယ်။ နောက်ပြီး သူ့မှာ ပါဝင်တာတွေက အဆီဓာတ်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း စားလို့သင့်တယ် ပုံစံလို့မြင်တယ်။ spaghetti နဲ့လည်း ခပ်ဆင်ဆင်တူပါတယ်” ဟု ထီရယ်က မှတ်ချက်ပေးသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top