လေကြောင်းအန္တရာယ် ကင်းရှင်းရေး ဝက်တွေ ကူညီပေးခဲ့

16-6-2022-yyl01.jpg

လေကြောင်းအန္တရာယ်ကင်းရှင်းရေးအတွက် ဝက်တွေက ကူညီပေးနိုင်တယ်လို့ ပြောရင် ယုံမယ်တောင် မထင်ပါဘူး။ ဒါပေမဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ရှီပိုးလေဆိပ်မှာ လေယာဉ်တွေနဲ့ ငှက်တွေ တိုက်မိတဲ့ မတော်တဆမှုတွေကို လျှော့ချဖို့အတွက် ဝက်အကောင် ၂၀ ကို အသုံးပြုခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်က စတင်ပြီး ရှီပိုးလေဆိပ် ပြေးလမ်း ၂ ခုကြားမှာရှိပြီး ၂ ဟက်တာဧကကျယ်ဝန်းတဲ့ သကြားမုန်လာခင်းထဲမှာ ဝက်အကောင် ၂၀ ကို စေလွှတ်ခဲ့တာပါ။ ဝက်တွေက အခင်းထဲမှာရှိတဲ့ အပင်တွေကို အကုန်စားပစ်လိုက်ရင် ငှက်တွေ လာတော့မှာမဟုတ်ဘူးလို့ ယူဆပြီး ၆ ပတ်ကြာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ရှီပိုးလေဆိပ်မှာ လေယာဉ်တွေနဲ့ ငှက်တွေ တိုက်မိတဲ့ မတော်တဆမှု ၁၅၀ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ သကြားမုန်လာခင်းထဲမှာ ဝက်တွေရှိနေတဲ့ကာလအတွင်း အဲဒီလို မတော်တဆမှု တစ်ကြိမ်မျှ မဖြစ်ခဲ့တဲ့အထိ အောင်မြင်မှု ရခဲ့တာပါ။

Ref: Readerdigest ” Airport Pigs Help Keep the Skies Safe”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top