မိသားစုထဲမှာ Home Quaratine ခံယူနေသူရှိရင် ကိုယ့်ကိုယ်ကိုယ်ဘယ်လိုဘေးကင်းအောင်နေမလဲ

15-10-2020-yyl-014.jpg

ကပ်ရောဂါအတွင်းမှာ လူတစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတတ်ဖို့ လေ့ကျင့်ယူနေရပါတယ်။ တကယ်လို့ မိသားစုဝင်တွေထဲမှာ ကိုဗစ်ရောဂါပိုးကူးစက်နိုင်ခြေရှိလို့ Home-Quarantine ခံယူနေရတဲ့သူရှိတဲ့အခါ သင်က သူ့ကို စောင့်ရှောက်ပေးရမယ်ဆိုရင် သင် ဘေးကင်းဖို့အတွက် ဘယ်လိုလုပ်ဆောင်မလဲ။ အိမ်မှာ Quarantine ခံယူနေသူရှိရင်တော့ ရောဂါပိုးကူးစက်နိုင်ခြေက မြင့်မားပါတယ်။ ရောဂါစစ်ဆေးနေတဲ့အချိန်အတွင်းမှာ သင်က အဲဒီသူကိုလည်း စောင့်ရှောက်ရမယ့်အပြင် သင့်ကိုယ်တိုင်လည်း ဘေးကင်းဖို့အတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ထားရပါမယ်။ အဲဒီအချိန်မှာ သင့်ကျန်းမာရေးကလည်း အလားတူအရေးကြီးတဲ့အတွက် ဗိုင်းရပ်စ်နဲ့ထိတွေ့နိုင်ခြေကို လျော့ချဖို့အတွက် မှန်ကန်တဲ့ကြိုတင်ကာကွယ်နည်းတွေကို လုပ်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုတွေလုပ်သင့်လဲဆိုတာကို အနည်းငယ်မျှဝေပေးလိုက်ရပါတယ်။

ဝေးဝေးမှာနေပြီး သင့်ပစ္စည်းတွေနဲ့ ခွဲထားပါ

ပထမဆုံးလုပ်ရမှာက တက်နိုင်သလောက် ခပ်ခွာခွာနေသင့်ပါတယ်။ ဝေးဝေးမှာနေတာကလည်း Home Quarantine ခံယူနေသူ ထိတွေ့တဲ့၊ အသုံးပြုတဲ့ပစ္စည်းတွေကနေ ဝေးဝေးမှာ နေတာလည်းပါဝင်ပါတယ်။ ရေချိုခန်း၊ အိပ်သာနဲ့ အခြားအိမ်သုံးပစ္စည်းတွေကိုလည်း သပ်သပ်စီထားပါ။ သူ့ကို အိပ်ခန်းသပ်သပ်မှာ ထားပြီး လိုအပ်တဲ့ပစ္စည်းတွေကို ထည့်ပေးထားပါ။ ဒါက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းပါ

သင် လုပ်ရမှာက သီးခြားနေထိုင်ရုံနဲ့မရသေးပါဘူး။ နည်းနည်းလေး ဂရုမစိုက်မိတာနဲ့ သင့်အတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဒီအချိန်မှာ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ပေါ့နေလို့မရပါဘူး။ ညစ်ညမ်းတဲ့နေရာတွေကို ထိတွေ့ပြီးတဲ့အခါတိုင်း လက်တွေကို သေချာဆေးပြီး သင့်အနီးနားတစ်ဝိုက်ကိုလည်း သန့်ရှင်းအောင်ထားပါ။ Home Quarantine ခံယူနေသူနဲ့ ထိတွေ့မိတဲ့အခါမှာလည်း Mask နဲ့ လက်အိတ်တွေကို အမြဲဝတ်ဆင်ပါ။ သူ့ကို စားစရာ (သို့) တစ်ခုခုပေးမယ်ဆိုရင် အကာအကွယ်ပစ္စည်းတွေ သေချာဝတ်ဆင်ထားသင့်ပါတယ်။

မိမိရဲ့အနီးတစ်ဝိုက်ကို သန့်ရှင်းအောင်ထားပါ

သန့်ရှင်းမှုကလည်း အခုအချိန်မှာ လျစ်လျူရှုမထားသင့်တဲ့အရာပါပဲ။ တက်နိုင်သလောက် သင့်နေတဲ့နေရာတစ်ဝိုက်ကို ပိုးသတ်ဆေးဖြန်းပေးတာအကောင်းဆုံးပါ။ သင့်အိမ်ကို သန့်ရှင်းအောင်ထားပြီး ပိုးသတ်ဆေးအသုံးပြုပါ။ ထိတွေ့မှုအများဆုံးနေရာတွေကို ပိုးသတ်သန့်စင်ပေးသင့်ပါတယ်။ တစ်နေ့ကို ခဏခဏတော့ ပိုးသတ်ပေးသင့်ပါတယ်။ အကြိမ်အရေအတွက်အများကြီးမလုပ်နိုင်ရင် တစ်နေ့ (၂) ကြိမ်တော့ ပိုးသတ်သန့်စင်ပေးသင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပြီး ရေဓာတ်ပြည့်ဝစွာနေပါ

သင့်ကိုယ်တိုင်ရော Home-Qurantine ခံယူနေသူပါ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးပေးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝအောင်လည်း နေထိုင်ပါ။ ဒါမှ ကိုယ်ခံအားကောင်းပြီး ဗိုင်းရပ်စ်ကို တွန်းလှန်ပစ်နိုင်မှာဖြစ်ပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေနဲ့ဇင်ဓာတ်ကြွယ်ဝတဲ့ အာဟာရပြည့်ဝတဲ့အစားအစာတွေကိုလည်း စားပေးရပါမယ်။

Ref: How to stay safe if you are looking after someone who has tested COVID positive

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top