တစ်ဦးတစ်ယောက်တည်း သီးသန့်နေထိုင်လိုသူများဟာ သာမန်လူတွေထက် အတွေးအခေါ်ပိုမိုမြင့်မားလေ့ရှိ

46887339_1427927400672335_1926827418245398528_n.jpg

သိပ္ပံပညာကတော့ အခုလိုပဲ အခိုင်အမာဆိုထားပါတယ်။ စိုးရိမ်သောကတွေကို လျော့ချစေတာက သင့်ကို သက်သာရာရစေပါတယ်။ လူမှုကွန်ရက်သုံးစွဲမှုကို လျော့ချခြင်းက သင့်ရဲ့ စိတ်ခံစားမှုတွေကို ပိုမိုတိုးတက်လာစေလိမ့်မယ်။ သာမန်သဘာဝအတိုင်းနေထိုင်ခြင်းကသာ သင့်ကို အပြည့်အဝ စိတ်ကျေနပ်မှုရစေလိမ့်မယ်။ လူတော်တော်များများအတွက်ကတော့ မိတ်ဆွေ၊ သူငယ်ချင်းတွေ ပတ်လည်ဝိုင်းနေတာဟာ သူတို့ကို ပျော်ရွှင်ကျေနပ်စေနိုင်မှာဖြစ်ပြီး

အကယ်၍ သင်ဟာ အတွေးအခေါ်၊ ဥာဏ်ရည် မြင့်မားသူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဒီလို အခြေအနေမျိုးကို သင် ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူးတဲ့။

လေ့လာသူတွေ ထည့်သွင်းစဉ်းစားခဲ့တဲ့အချက်က လူတွေရဲ့ ”ပျော်ရွှင်မှု” ဆိုတဲ့ အရာအတွက် ကာယကံရှင်ရဲ့ လက်တလော ဖြစ်ပျက်နေမှုတွေကို ဘယ်လိုသဘောထားသလဲဆိုတာကိုသာမက ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ (ရှေးရိုးစွဲသမား) တွေ အခုခေတ်ကို ဘယ်လိုသဘောထားသလဲ ဆိုတာကိုပဲဖြစ်ပါတယ်။ လေ့လာသူတွေက လူသားတွေရဲ့ ဦးနှောက်ဟာ စိုက်ပျိုးမွေးမြူရေးခေတ်မတိုင်ခင်ကအချိန်တွေနဲ့သာ အကိုက်ညီဆုံးဖြစ်ပြီး အခုခေတ် (နည်းပညာခေတ်) ရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ပြည့်ပြည့်ဝဝစားသုံး အသက်ရှင် ပျော်ရွှင်ဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ ကောက်ချက်ချပါတယ်။

ယနေ့ခေတ်မှာ ထူထပ်များပြားလှတဲ့ လူတွေအကြား သွားလာနေထိုင်အသက်ရှင်ရပေမဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ကတော့ အချိန်နည်းနည်းပဲ ပေးနိုင်ကြပါတယ်။ (ဒါဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေနဲ့ လုံးဝ ဆန့်ကျင်ဘက်အခြေအနေပါ)။ အဲဒီတော့ လူတော်တော်များများဟာ ကျွန်တော်တို့ ဘိုးဘွားတွေလို လူနည်းနည်းနဲ့ပဲနေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ များများအချိန်ပေးမယ်ဆိုရင် ပိုမိုအဆင်ပြေပျော်ရွှင်ကြပါလိမ့်မယ်။ ဒါပေမဲ့ အတွေးအခေါ် ဥာဏ်ရည်မြင့်မားသူတွေအတွက်တော့ ဒါဟာ အဆင်ပြေလိမ့်မယ် မဟုတ်ဘူးလို့ ဆိုပါတယ်။ နောက်တစ်ချက်က ဒီလူတွေအတွက်က မိတ်ဆွေ အပေါင်းအသင်း အဖွဲ့အစည်းတွေဟာ သူတို့အတွက် အကျိုးသက်ရောက်မှု ကြီးကြီးမားမားမရှိဘဲ ဖြစ်နေပြီး လူ့အဖွဲ့အစည်းကလည်းပဲ ဒီလိုလူမျိုးတွေကို သိပ်ပြီး ကြိုက်နှစ်သက်လေ့မရှိတာကို တွေ့ရပါတယ်။

ဖြစ်နိုင်ချေရှိတဲ့အချက်တွေကတော့ အတွေးအခေါ် ဥာဏ်ရည် မြင့်မားသူတွေဟာ ပြဿနာတွေကို တစ်ယောက်တည်းဖြေရှင်းရတာ ကြိုက်နှစ်သက်လေ့ရှိတယ်။ ဖြေရှင်းနိုင်စွမ်းလည်းရှိကြတယ်။ အခြားသူတွေရဲ့ အဆင့်နိမ့်အမြင်တွေပါလာရင် ဖြေရှင်းရတာ ကြန့်ကြာတယ်လို့ ထင်တတ်ကြကတယ်။ သာမန်လူတွေတော့ပဿနာကို စုပေါင်းဖြေရှင်းလိုစိတ်ရှိကြတယ်။ ဒါပေမဲ့ မှားသွားခဲ့တဲ့အခါ သူလိုလို ကိုယ်လိုလိုနဲ့. တာဝန်ယူရတော့မယ်ဆိုရင် သူများကို လွှဲချလေ့ရှိတယ်။ ဥာဏ်ရည်မြင့်မားသူတွေကတော့ ကိုယ့်ဟာကို ဖြေရှင်းမယ်၊ မှားလည်းတစ်ယောက်တည်းခံမယ်၊ တာဝန်ယူလိုစိတ်ရှိပါတယ်။

ဒီသဘောအရ သင်ဟာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပျော်ရွှင်နေတတ်လို့ အတွေးအခေါ် နိမ့်ပါးသူဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဓိက က ဥာဏ်ရည်မြင့်မားသူတွေဟာ တစ်နည်းနည်းနဲ့ ထူးခြားနေတတ်တာဖြစ်ပြီး သာမန်လူတွေနဲ့ မတူတတ်တာ သဘာဝပါပဲ။ ဥာဏ်ရည်မြင့်မားသူတိုင်းက ဒီလိုပြုမူတာမျိုးတော့မဟုတ်ပဲ အချို့ကသာ ပြုမူတတ်တာဖြစ်ပါတယ်။ အဲဒီတော့ သင့်ရဲ့ပတ်ဝန်းကျင်မှာ တစ်ယောက်တည်းသီးသန့်နေလေ့ရှိတဲ့ (အနည်းငယ် အပြောအဆို ဆန်းဆန်း အပြုအမူဆန်းဆန်း) လူတွေကို တွေ့မိရင် အထီးကျန်နေတယ်လို့ မထင်လိုက်ပါနဲ့၊ သူတို့တွေဟာ သင်မထင်ထားလောက်အောင် ပြဿနာတွေကို တစ်ကိုယ်တည်း ဖြေရှင်းရင်းနဲ့ ပျော်ရွှင်နေကြသူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(ထူးရင်ထူး မထူးရင်ရူး ဆိုတာလည်းရှိတယ်ဆိုတော့ လွယ်လွယ်ကူကူ ကောက်ချက်ချလို့တော့ မရနိုင်ပါဘူး။ ဥာဏ်ရည်မြင့်တာမဟုတ်ဘဲ ယဉ်ယဉ်လေးရူးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လို့ ထက်မြက်တဲ့ သိပ္ပံပညာရှင်တွေ၊ အတွေးအခေါ်ပညာရှင်တွေဟာ ငယ်စဉ်ဘဝတွေမှာ တစ်ကိုယ်တည်းပဲ နေထိုင်တတ်ပြီး လူတွေနဲ့ အပေါင်းအသင်း သိပ်လုပ်လေ့မရှိတာကို တွေ့ရမှာပါ။ သူတို့မှာ အများနဲ့ မတူတဲ့အတွေးတွေ ရှိနေတတ်ကြပြီး လူတွေကလည်း သူတို့ရဲ့ အတွေးတွေကို သိပ်သဘောကျလေ့မရှိပါဘူး)

Ref: Ideapod ”Science explains why high intelligence people prefer to be alone”

Zuluu(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top